အစ္စရေးက ဟားမတ်စ်အကြီးတန်း အရာရှိကြီး နှစ်ဦးကို ချေမှုန်း

အောက်တိုဘာ ၁၁

      အစ္စရေးတပ်ဖွဲ့က ဟားမတ်စ်အကြီးတန်း အရာရှိကြီးနှစ်ဦးဖြစ်သည့် စီးပွားရေးဝန်ကြီးနှင့် နိုင်ငံရေးဗျူရို အဖွဲ့ဝင်တို့ကို အောက်တိုဘာလ ၉ ရက် ညနေပိုင်းတွင် ချေမှုန်းလိုက်နိုင်ကြောင်း အစ္စရေးတပ်မတော်က ထုတ်ပြန်ထားသည်။

        အစ္စရေးတပ်ဖွဲ့အနေဖြင့် ဂါဇာဒေသတွင် လေ ကြောင်းမှ တိုက်ခိုက်မှုအကြိမ် ၁၀၀ ကျော် လုပ်ဆောင်ပြီးနောက် ဟားမတ်စ်အကြီးတန်း အရာရှိကြီးနှစ်ဦး ချေမှုန်းခံရသည့် သတင်းထွက်ပေါ်လာခြင်း ဖြစ် သည်။

        ဟားမတ်စ် စီးပွားရေးဝန်ကြီး ဖြစ်သည့် ဂျာဝတ်အဘူရှမ်မလာနှင့် ဇာကာရီယာအဘူမားအမ်တို့သည် ဂါဇာရှိ ဟားမတ်စ်အဖွဲ့ခေါင်းဆောင်နှင့် အနီးကပ်ပူးပေါင်း ကာ အစ္စရေးကို လျှပ်တပြတ် တိုက်ခိုက်ခြင်းဖြစ်ကြောင်း အစ္စရေးတပ်မတော် ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

        စီးပွားရေးဝန်ကြီးက အကြမ်းဖက်အဖွဲ့ကို ငွေ ကြေး ထောက်ပံ့ခြင်းနှင့် ညွှန်ကြားခြင်းတို့ဆောင်ရွက်ပြီး ဇာကာရီယာအဘူမားအမ်က အကြမ်းဖက်အဖွဲ့၏ ဆုံးဖြတ်ချက် ချမှတ်မှုများတွင် ပါဝင်ခဲ့ကြောင်း RT သတင်းဌာနတွင် ဖော်ပြထားသည်။

#PAN