လောင်းလုံးမြို့ပေါ်သို့ အကြမ်းဖက် PDF များက လက်နက်ကြီးများဖြင့် အဝေးမှ ရမ်းသမ်းပစ်ခတ် အရပ်သားပြည်သူများ၏ ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲ

အောက်တိုဘာ ၁၁

      တနင်္သာရီတိုင်း​ဒေသကြီး၊ ထားဝယ်ခရိုင်​၊လောင်းလုံးမြို့တွင် ယမန်နေ့ ည ၈ နာရီခွဲအချိန်ခန့်တွင် အကြမ်းဖက် PDF အဖွဲ့များက လက်နက် ကြီးဖြင့်​ လောင်းလုံးမြို့အတွင်းသို့ ပစ်ခတ်ခဲ့ကြောင်း၊ ညသန်းခေါင်း ၁၂ နာရီအချိန်ခန့်အထိလက်ကြီးကျည် ၁၀ လုံးခန့် မြို့အတွင်း​နေရာအနှံ့အပြားကျ​ရောက်​ပေါက်ကွဲခဲ့​ကြောင်းသိရပါသည်။

         ယင်းသို့ ပစ်ခတ်မှု့​ကြောင့် (က)ရပ်ကွက်ရှိ ဦး​ငွေလှအိမ်နှင့် ဦး​အောင်မြင့်အိမ် တို့တွင်  အနည်းငယ် ထိခိုက်ပျက်စီးမှု့ရှိပြီး (က)ရပ်ကွက်မူလတန်း​ကျောင်းဝင်းအတွင်းနှင့် မြို့ဦးထိန်သစ်ဘုန်း​တော်ကြီး​ကျောင်းဝင်းအတွင်း ကျ​ပေါက်ကွဲ ပေါက်ကွဲခဲ့ကြောင်း၊ ၎င်းအပြင် (ခ)ရပ်ကွက်အတွင်းကျ​ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရပါသည်။

        အလားတူ အောက်တိုဘာလ ၉ ရက်​နေ့ ညကလည်း​ လောင်းလုံးမြိုနယ်​၊ မောင်းမကန်​ကျေး ရွာ၊ နယ်​မြေရဲစခန်း ကိုလည်း အကြမ်းဖက် PDF များက လက်နက်ကြီးဖြင့်အ​ဝေးမှ လှမ်းပစ်တိုက် ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှု့မရှိ​ကြောင်း သတင်းရရှိပါသည်။

#PAN