ရွှေဘိုမြို့နယ်၊လှတောကျေးရွာရှိ ရဲစခန်းကို အကြအ်းဖက် PDF များက အင်အားအလုံးအရင်းဖြင့် လာရောက်တိုက်ခိုက်

အောက်တိုဘာ ၁၁

      စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုမြို့နယ်၊လှတောကျေးရွာရှိ ရဲစခန်းရှိ ပြည်သူ့စစ်များအပါအဝင် လုံခြုံ ရေးပူးပေါင်းအဖွဲ့များကို အကြမ်း ဖက်သမား PDF အင်အား ၂၀ဝ ဦးခန့်မှ ယမန်နေ့ညနေ ၆ နာရီအချိန်ခန့်မှစ၍ ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ ယနေ့နံနက် ၇ နာရီအချိန်ထိ ဆက် လက်ပစ်ခတ်နေဆဲဖြစ်ကြောင်း သိရပါသည်။

        လှတောရဲစခန်းအား လှတောရွာ၏အပြင်ဖက် တြိဂံကွေ့မှနေ၍ ကားလမ်းနံဘေးတွေရှိသော လူနေအိမ်များကို အကာအကွယ်ယူပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

      လှတောအခြေစိုက် ရဲတပ်ဖွဲ့နှင့်ပြည်သူ့စစ်များမှ PDF အကြမ်းဖက်များအား ယမန်နေ့ ညတစ်ညလုံး ခုခံတိုက်ခိုက်ခဲ့ကြောင်း၊ ယနေ့ နံနက် ၆ နာရီခွဲအချိန်ခန့်တွင် သံချပ်ကား ၂ စီး စစ်ကူရောက်ရှိလာကြောင်း၊ ယခု နံနက်ပိုင်းတွင် တပ်မတော်မှ လက်နက်နှင့် လူ အင်အားထပ်ဖြည့်ပြီး​ ပတ်ဝန်းကျင်ရှင်းလင်းရေးပြုလုပ်နေကြောင်း သိရပါသည်။

       လှတောကျေးရွာအတွင်းမှ အချို့မိသားစုများနှင့် စိန်ပန်းကုန်းစသည့်ကျေးရွာများမှ လူများသည်လည်း အထုပ်အပိုးများဖြင့် ထိန်ကန်ရွာသို့ ထွက်ပြေးနေကြကြောင်း၊ လှတောရွာသည် တပ်မတော် ထောက်ခံသူများဖြစ်ကြသည့်အတွက် ပြည်သူ့စစ်ကျေးရွာအဖြစ် အကြမ်းဖက်အဖွဲ့များမှ သတ်မှတ်ထားပြီး အဝင်၊ အထွက်အားလုံးပိတ်ဆို့ခံထားရသည့်ကျေးရွာဖြစ် ကြောင်း သတင်းရရှိပါသည်။

#PAN