ယူရို ၂၀၂၈ ပြိုင်ပွဲကို ဗြိတိန်နိုင်ငံနှင့် အိုင်ယာလန်နိုင်ငံတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

အောက်တိုဘာ ၁၁

       ဗြိတိန်နိုင်ငံနဲ့ အိုင်ယာလန်နိုင်ငံတို့ဟာ ၂၀၂၈ ခုနှစ် ဥရောပချန်ပီယံရှစ်(ယူရို ၂၀၂၈)ပြိုင်ပွဲကို အိမ်ရှင် အဖြစ် လက်ခံကျင်းပသွားမှာဖြစ်တယ်လို့ ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ)က အတည်ပြုပြောကြားခဲ့ပါတယ်။

       ဗြိတိန်နိုင်ငံနဲ့ အိုင်ယာလန်နိုင်ငံတို့ဟာ ၂၀၃၀ ပြည့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဥရောပရဲ့ အိမ်ရှင် အဖြစ် ကိုယ်စားပြုခွင့်ရရှိမယ့်အစီအစဉ်ပျက်ခဲ့ရပြီးနောက်ယူရို ၂၀၂၈ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်နဲ့ စပ်လျဉ်း၍ ယူအီးအက်ဖ်အေက အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။

       ယူရို ၂၀၂၈ ပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်ကို ကာဒစ်ဖ်မြို့ရှိ ပရင်စီပယ်လတီ အားကစားကွင်းမှာ ကျင်း ပသွားမှာဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲစဉ်ကိုတော့ လန်ဒန်မြို့ရှိ ဝင်ဘလေကွင်းမှာ ကျင်းပသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

      ယူရို ၂၀၂၈ ပြိုင်ပွဲရဲ့ ပွဲစဉ်တွေကို ဂလက်စဂိုးမြို့ရှိ ဟမ်ဒမ်ပါ့ခ်၊ဒပ်ဘလင်မြို့ရှိ အဗီဗာ အား ကစားကွင်း၊ ဘဲလ်ဖက်မြို့ရှိ ကာဆီမန့်ပါ့ခ်၊အဲဗာတန်မြို့ရှိ ဘရမ်လေ-မောဒေါ့ခ်အားကစားကွင်းတွေ အပါအဝင် မတူညီတဲ့ ဘောလုံးကွင်း ၁၀ ကွင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

       ယူရို ၂၀၂၈ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်း ပခွင့်ရဖို့ တူကီယဲနိုင်ငံကလည်း မျှော်လင့်ထားပေမယ့် ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက အိမ်ရှင်အဖြစ်ကျင်းပခွင့်ရရှိရေးကနေ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ ယူရို ၂၀၂၄ ပြိုင်ပွဲကို ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမှာဖြစ်ပြီး ယူရို ၂၀၃၂ ပြိုင်ပွဲကိုတော့ အီတလီနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပသွားဖို့ ရှိနေတာဖြစ်ပါတယ်။

#PAN