မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်တွင် ငွေကျပ်သိန်း ၃၇၀၀ ကျော်တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၈ သိန်းနှင့် ဘိန်းဖြူ ၄ ဒသမ ၁၈ ကီလို သိမ်းဆည်းရမိ

အောက်တိုဘာ ၁၁

       မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်တွင် ငွေကျပ်သိန်း ၃၇၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၁ ဒသမ ၈ သိန်းနှင့် ဘိန်းဖြူ ၄ ဒသမ ၁၈ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

                       သိမ်းဆည်းရမိ

         မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်အောက်တိုဘာ ၅ ရက် နံနက် ၁၀ နာရီခွဲတွင်မန္တလေး တိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ် ဖော့တောလမ်း ဆုံ၌ မန္တလေးမှ ဟိုပင်သို့ ပြေးဆွဲ သည့် ခရီးသည်တင်ယာဉ်ကို သတင်းအရ ရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် ကောင်းသန့်ကျော်နှင့် ခန့်ဇင်ဝင်းတို့နှစ်ဦး သယ်ဆောင်လာသည့် ငရုတ်သီးစိမ်းအိတ်များနှင့် ကွမ်းခြင်းများအတွင်းမှ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၃၇၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၈ သိန်းနှင့် ဘိန်းဖြူ ၄ ဒသမ ၁၈ ကီလို သိမ်းဆည်းရမိခဲ့ပြီး ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စစ်ဆေးမူး ယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ ကချင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

#PAN