ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်တွင် သတင်းအရ ရှာဖွေရာ WY စာတမ်းပါ မူးယစ်ဆေးဝါးနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃၇၆၄ ပြား၊စုစုပေါင်းအလေးချိန် ၃၇,၆၄ ဂရမ်ခန့်နှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ တရားခံကို ဖမ်းဆီးရမိ

အောက်တိုဘာ ၁၁

        မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်ရှိ သူရိန်တင်ရွှေ၊ ၂၆ နှစ်၊ (ဘ) ဦးတင်ရွှေ၊ ၁၀/ဘလ န(နိုင်) ၁၄၀၆၃၃၊ ဗမာ/ဗုဒ္ဓ၊ ဈေးရောင်း၏ နေအိမ်သို့ မူးယစ်ဆေးဝါးသတင်းအရ ကျိုက်ထိုခရိုင်ရဲတပ်ဖွဲ့ နှင့် ဘီးလင်မြို့နယ်မူးယစ်အထူးအဖွဲ့များသည် သက် သေများနှင့်အတူ ရှာဖွေခွင့်ဝရမ်းဖြင့် ယမန်နေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

       ထိုသို့ ဝင်ရောက်ရှာဖွေရာ သူရိန်တင်ရွှေ အားနေအိမ်ဝန်းခြံတံခါးပေါက်၌ အသင့်တွေ့ရှိရပြီး ၎င်းအားရှာဖွေရာ သူရိန်တင်ရွှေ ၏ယာဘက်လက်ထဲမှ လွှင့်ပစ်လိုက်သည့် အပြာရောင်၊အထုပ်ငယ်တစ်ထုပ်အား သက်သေများရှေ့ဖွင့်ဖောက်စစ်ဆေးရာ ထိုအပြာရောင် အိတ်အတွင်းမှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွ ရူး သွပ်ဆေးပြား (၁၄၈) ပြား(အလေးချိန် ၁၄.၈ ဂရမ်ခန့်)ကိုလည်း ကောင်း၊ သူရိန်တင်ရွှေ အိပ်သည့်အိပ်ခန်းအားဆက်လက်ရှာဖွေရာ အိပ်ခန်းအတွင်း ခြေရင်းရှိ သစ်သားဘောင်တန်းပေါ်မှ Lactasoy တံဆိပ်ပါ ပဲနို့ဘူးခွံအတွင်း အဖြူညစ်ရောင်မှိုင်းခံစက္ကူဖြင့်ပတ်ထားပြီး အပြာရောင် ပလပ်စတစ်ကပ်ခွာအိတ်ငယ်အတွင်းထည့်ထားသည့် wy စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၁၉၈) ပြား၊ Wy စာတမ်းပါ အစိမ်းရောင်၊စိတ်ကြွရူးသွပ်ဆေးပြား(၂) ပြား၊ပေါင်း (၂၀၀)ပြားပါ (၈)ထုပ်၊စုစုပေါင်း(၁၆၀၀) ပြား (အလေးချိန် ၁၆ ဂရမ်ခန့်) အားလည်းကောင်း၊ သူရိန်တင်ရွှေ ၏အိပ်ခန်းအတွင်း ခုတင်အောက်မှ Lactasoy တံဆိပ်ပါ ပဲနို့ဘူးခွံအတွင်း အဖြူညစ်ရောင် မှိုင်းခံစက္ကူဖြင့်ပတ် ထားပြီးအပြာရောင်၊ ပလပ်စတစ်ကပ်ခွာအိတ်ငယ်အတွင်းထည့်ထားသည့် wy စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား(၁၉၈)ပြား၊ wy စာတမ်းပါ အစိမ်းရောင်၊ စိတ်ကြွရူးသွပ်ဆေး ပြား(၂)ပြား၊ ပေါင်း (၂၀၀)ပြားပါ (၁၀)ထုပ် ၊ စုစုပေါင်း (၂၀၀၀) ပြား (အလေး ချိန် ၂၀ ဂရမ်ခန့်) အားလည်းကောင်း (စုစုပေါင်း WY စာတမ်းပါ မူးယစ်ဆေးဝါး စိတ်ကြွရူးသွပ်ဆေးပြား၊ ပန်းရောင် (၃၇၁၂)ပြား၊ အစိမ်းရောင်(၅၂)ပြား၊ ပေါင်း ၃၇၆၄ ပြား) (စုစုပေါင်းအလေးချိန် ၃၇,၆၄ ဂရမ်ခန့်)နှင့် အဆိုပါ အိပ်ခန်းအတွင်းမှ သူရိန်တင်ရွှေ အသုံးပြုသည့်ဆက်စပ်ပစ္စည်းဖြစ်သော မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံပြုသည့်ဝါးပြောင်တို(၅) ချောင်း၊ အအေးသောက်ပိုက် (၁)ချောင်း(ခဲပြားပတ်လျက်)၊ အပြာရောင်၊ အအေးသောက်ပိုက်(၁၅)ချောင်း ၊ အနီရောင်၊ အအေးသောက်ပိုက်(၂ဝ)ချောင်း၊ ပြုပြင်ထားသည့်အပြာနုရောင်၊ မီးခြစ်(၁)လုံး၊ အရှည်(၁)ပေခန့်ရှိ ခဲပြားလိပ်အသစ်(၁)လိပ် နှင့် သူရိန်တင်ရွှေ မူးယစ်ဆေးဝါးရောင်းချရာတွင် ဆက်သွယ်အသုံးပြုသည့် 09785446715 နံပတ်နှင့် 09678545009 ဆင်းကတ်ပါ IPHONE တံဆိပ်ပါ၊ ပန်းရောင်၊ ဖုန်း(၁)လုံးတို့ အားတွေ့ရှိရကြောင်း သိရသည်။

      အဆိုပါ တွေ့ရှိရရှိသော မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ရှာဖွေပုံစံရေးသွင်းသိမ်း ဆည်းပြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအား လက်ဝယ်ထားရှိ သယ်ဆောင်/ရောင်းချသုံးစွဲသူ သူရိန်တင်ရွှေ အားဥပဒေအရအမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရပါသည်။

       ဖမ်းဆီးရမိ တရားခံ သူရိန်တင်ရွှေ ကို စစ် ဆေးဖော်ထုတ်ချက်အရ ၎င်းသည် အောက်တို ဘာလ ၅ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်ခန့်က ဈေးဝယ်သွားခဲ့ပြီး ဈေးမှအပြန်တွင် သံတံတားကျေး ရွာလမ်း၌ အမည်မသိ၊ အသက်(၂၉)နှစ်ခန့်၊ အသားညို၊ အမျိုး သားတစ်ဦးထံမှတစ်ပြားလျှင် (၂၅၀ဝိ/)နှုန်းဖြင့်ပြန်လည် ရောင်းချ/သုံးစွဲရန် အတွက် (၃၇၈၀)ပြားကို ဝယ်ယူလာခဲ့ပြီး တစ်ဦးတည်းသုံးစွဲခဲ့ရာမှ ကျန်ရှိသောဆေးပြားများ ဖြစ် ကြောင်းထွက်ဆိုခဲ့သဖြင့် ကွင်း ဆက်တရားခံကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းရှာဖွေလျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN