တရားမဝင် လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊စားသောက်ကုန်ပစ္စည်းများနှင့် မော် တော်ယာဉ်များ သိမ်းဆည်းရမိ

အောက်တိုဘာ ၁၁

       တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦး ဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင် ရွက်လျက်ရှိသည်။

သိမ်းဆည်းရမိ

        ထိုသို့ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီး ဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက် ခွန်အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် အောက်တို ဘာ ၆ ရက်က အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Remote Control Toy Car ၇၂ ခုအပါအဝင်ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၉၆၀,၀၀၀)ကို လည်း
ကောင်း၊ အောက်တိုဘာ ၈ ရက်က မြဝတီကုန် သွယ်ရေးဇုန်၌ ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Cement Ceiling Board ကီလိုဂရမ် ၁၅၀၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၈၀၀,၀၀၀)ကို လည်း ကောင်း၊ အောက်တိုဘာ ၉ ရက်က အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာသုံးလုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Gasoline Engine အခု ၇၀ဝ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၉,၅၀၀,၀၀၀)ကို လည်းကောင်း၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Laser Toner Cartridge အခု ၆၄၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၁၂၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် စက်မှုဇုန်ထုတ် Sein Tun MPV တစ်စီးနှင့် Nissan Caravan တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၀၀၀,၀၀၀)ကို လည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Fancy မလက်ကိုင်အိတ် ကီလိုဂရမ် ၂၁၀ အပါအဝင် ကုန် ပစ္စည်းခြောက်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၀၆၅,၄၅၀)ကို လည်းကောင်း၊စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၉,၄၄၅,၄၅၀)ကို သိမ်းဆည်းရမိခဲ့ပြီးအကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

      ထို့ပြင် အောက်တိုဘာ ၇ ရက်က ရန်ကုန်တိုင်းဒေသကြီးတရား မဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်-မန္တလေးအမြန်လမ်း (၀)မိုင်အနီး၌ မြဝတီမြို့မှ ရန်ကုန်မြို့ သို့ မောင်းနှင်လာသော ယာဉ်နှစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Shoes ဖိနပ် အရန် ၂၅၀၊ Super Colour ခေါင်းလျှော်ရည် ၆၈၇၅ ကီလိုဂရမ်အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇,၉၄၄,၃၄၅)နှင့် အဆိုပါပစ္စည်းများ တင် ဆောင်လာသည့် Isuzu Giga Truck တစ်စီး၊Dong Feng Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၅,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၂,၉၄၄,၃၄၅)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

      အောက်တိုဘာ ၈ ရက်က ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကျားကလေး-ဇာသပြင်- မော်လမြိုင်လမ်း၊ ကျားကလေးကျေးရွာ အနီး၌ မြဝတီမြို့မှ ဇာသပြင်သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Choco Pie မုန့် ၈၄ ဘူး၊ C-Vitt အချိုရည်ဘူး ၆၀၀၊ Crispy-Joy မုန့်ဘူး ၇၂ဝ အပါအဝင် ကုန်ပစ္စည်း ရှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၂၅၅,၀၀၀)နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသည့် Toyota Hiace ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃,၂၅၅,ဝဝဝ)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

       သို့ဖြစ်ပါ၍ အောက်တိုဘာ ၆ ရက်၊ ၇ ရက်၊ ၈ ရက်နှင့် ၉ ရက်တို့တွင် သိမ်းဆည်းရမိမှုစုစု ပေါင်းမှာ အမှုတွဲ ၁၆ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂၅,၆၄၄,၇၉၅)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

#PAN