ခင်ဦးမြို့နယ်၊ ကန်သာယာ(တောင်)ကျေးရွာအနီး အကြမ်းဖက် PDF အလောင်းနှင့် လက်နက် သိမ်းဆည်းရရှိ

အောက်တိုဘာ ၁၁

      စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ ကန်သာ ယာ(တောင်)ကျေးရွာအနီးတွင် နယ်မြေရှင်း လင်းရေးဆောင်ရွက်နေသော လုံခြုံရေးပူးပေါင်းအဖွဲ့များသည် ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်တွင် အကြမ်းဖက် PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

       ထိုကဲ့သို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ အကြမ်း ဖက် PDF များ တုတ်ခွာထွက်ပြေးသွားပြီး အကြမ်းဖက် PDF  ၁ ဦးကို လက်လုပ်သေနတ် ၁ လက်နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။

        ယခင်လအတွင်းမှ စတင်၍ တပ်မတော်စစ် ကြောင်းများ၊ နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များက  နယ်မြေရှင်းလင်းရေးများကို အရှိန်မြှင့်ဆောင်ရွက်လျှက်ရှိပြီး ဒေသခံပြည်သူများကလည်း အကြမ်းဖက် PDF များ၏ လှုပ်ရှားမှုသတင်းများကို လုံခြုံရေးအဖွဲ့များထံ လျှို့ဝှက်သတင်းပေးပို့ခြင်းဖြင့် ပူးပေါင်းကူညီလာကြကြောင်း၊ ထိုသို့ နယ်မြေရှင်းလင်းရေးဆောင် ရွက်ရာ၌ အကြမ်း ဖက် PDF များ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ၌ အကြမ်းဖက်များသည် လက်နက်၊ခဲယမ်း နည်းပါးနေသဖြင့် ရင်ဆိုင်တိုက်ခိုက်နိုင်ခြင်းမရှိဘဲ ကစဥ်ကလျား ဆုတ်ခွာထွက်ပြေးနေကြရကြောင်း သိရပါသည်။

#PAN