ကောလင်းမြို့တွင် လမ်းထွက်လျောက်သည့်အမျိုးသားတစ်ဦး မိုင်းပေါက်ကွဲ၍ ဒဏ်ရာရ

အောက်တိုဘာ ၁၁

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်၊ စက်ရုံလယ်ပြင်ရပ်ကွက်တွင်နေသည့် အမျိုးသားတစ်ဦးမှာ လမ်းထွက်လျောက်စဉ် PDF များထောင်ထားသည့် မိုင်းအားနင်းမိ၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

       ယမန်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် စက်ရုံလယ်ပြင်ရပ်ကွက်တွင် နေထိုင်သည့် ဦးကျော်စိုးဦး၊ ၃၂ နှစ်သည် လမ်းထွက်လျောက်ပြီး နေအိမ်သို့ပြန်လာစဉ် ဘုန်းကြီးကျောင်း (ဒေသအခေါ် အနောက်ဘုန်းကြီး ကျောင်း)အနီးသို့ အရောက်တွင် အကြမ်း ဖက် PDF များထောင် ထားသည့် မိုင်းအားနင်းမိ၍ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

        မိုင်းပေါက်ကွဲမှုကြောင့် ဦးကျော်စိုးဦး တွင်
ဦးခေါင်း/ခါးနှင့်ဘယ်ဘက် ဒူးတို့တွင် မစိုးရိမ်ရသည့် ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် မြို့နယ်ပြည်သူ့ဆေးရုံသို့ ပိုဆောင် ဆေးကုသလျှက်ရှိကြောင်း သတင်းရရှိပါသည်။

        အကြမ်းဖက် PDF များသည် တပ်မတော်စစ် ကြောင်းနှင့် နယ်မြေလုံခြုံရေးအဖွဲ့များကို ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်း မရှိတော့သဖြင့် အရပ် သားပြည်သူများကို ပစ်မှတ်ထား၍ အများပြည်သူ သွားလာအသုံးပြုနေသော လမ်းများတွင် မိုင်းထောင်ခြင်း၊ Drone များဖြင့် Drop Bomb ပစ်ချတိုက်ခိုက်ခြင်းများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရပါသည်။