အောက်တိုဘာ ၁၁
ကချင်ပြည်နယ်၊ လိုင်ဇာဒေသ၊ မုန်လိုင်ချက်တွင် အောက်တိုဘာလ ၉ ရက် ညပိုင်းက ပေါက် ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်းနှင့် ပေါက်ကွဲမှုကြောင့် KIA အဖွဲ့ဝင်နှင့် မိသားစုအချို့ ထိခိုက်သေဆုံး/ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရှိရသည်။ အဆိုပါဖြစ်စဉ် နှင့် ပတ်သက်၍ အချို့မီဒီယာများမှ တပ်မတော်အပေါ် ဝေဖန်တိုက် ခိုက်လိုသည့် သဘောဖြင့် တပ်မတော်မှလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့်လည်းကောင်း၊ အချို့မီဒီယာများကလည်း လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းကြောင့် လည်းကောင်း ပေါက်ကွဲခဲ့ခြင်းဖြစ် သည်ဟု မဟုတ်မမှန်စွပ်စွဲပြောဆိုရေးသားလျက်ရှိသည်။
အဆိုပါပေါက်ကွဲမှုနှင့်ပတ်သက်၍ မြေပြင်သတင်းဖော်ထုတ်ချက်များ၊ အမာခံ သတင်းပေးများ၏ သတင်းပေးပို့ချက်များအရ မုန်လိုင်ချက်အနီး KIA သင်တန်းကျောင်းရှိ အမိုနီယမ်နိုက်ထရိတ်(ယမ်း) သိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ် ကြောင်း၊ ၎င်းအမိုနီယမ်နိုက် ထရိတ်(ယမ်း)များမှာ KIA အဖွဲ့မှ ခေါင်းဆောင်များနှင့် ဒေါ်အားလီ(အားလီကျဲ)တို့ ပိုင်ဆိုင်ကြောင်း၊ ၎င်းဂိုဒေါင်အတွင်း အမိုနီယမ်နိုက် ထရိတ်(ယမ်း)၁၀၅ တန်ခန့်နှင့် အခြားပေါက်ကွဲစေတတ်သောပစ္စည်းများ သိုလှောင် ထားကြောင်း၊ အောက်တိုဘာလ ၉ ရက်ညနက်ပိုင်းတွင် မတော်တဆမှုတစ်ခုခုကြောင့် ရုတ်တရက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း၊ ပေါက်ကွဲသည့် အကြောင်းအရင်း အား စုံစမ်းနေဆဲဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံနယ်စပ်ဂိတ်တွင်လည်း တရုတ်နိုင်ငံမှ ရဲတပ်ဖွဲ့ဝင်များက အကြောင်းအရင်းကို စုံစမ်းစစ် ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အလားတူ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်တွင် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်အနီး လိုင်စင်ပို့စ်အနီး ခဲယမ်းသိုလှောင်ရုံတွင်လည်း ကောင်း၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၁ ရက်တွင် လိုင်ဇာဒေသ၊ ဂျာထူဂေါင်ရှိ မိုင်းစက်ရုံ ၌ လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် ခဲယမ်းနှင့်မိုင်းများ အကြီးအကျယ် ပေါက်ကွဲပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး KIA အဖွဲ့ဝင်များနှင့် မိသားစုဝင်များ ထိခိုက် သေကြေဒဏ်ရာရရှိခဲ့ကြောင်းလည်း Social Media များမှတစ်ဆင့် တွေ့မြင်သိရှိ ကြပြီးဖြစ်ပါသည်။
တပ်မတော်အနေဖြင့် လက်တွေ့ကျသည့် ငြိမ်း ချမ်းရေးဆွေးနွေးမှုလုပ်ငန်း စဉ်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ပြည်သူတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးရရှိရေးတို့အတွက် နိုင်ငံတော် ကာကွယ် ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအပြင် နိုင်ငံ တော်အစိုးရ၏လုံခြုံရေး နှင့် အုပ်ချုပ်ရေးဆိုင်ရာယန္တရားများအား နှောင့် ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် အထိ ရပ်ဆိုင်းထားကြောင်း ကြေညာခဲ့ပြီးဖြစ်သည်။ ထို့ပြင် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ပါ သဘောတူညီချက်များအတိုင်း အလေးထားလိုက်နာ ဆောင်ရွက်လျက်ရှိပြီး မကြာမီကာလတွင်လည်း NCA (၈)နှစ်မြောက်နှစ်ပတ်လည် နေ့ကို အနှစ် သာရရှိရှိကျင်းပနိုင်ရေးနှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း များကိုလည်း တက်ရောက်နိုင်ရေး ဖိတ်ခေါ်ဆောင် ရွက်လျက်ရှိကြောင်းနှင့် ယနေ့ အထိငြိမ်းချမ်းရေးတံခါးဖွင့်လှစ်ထားဆဲဖြစ်ကြောင်း သတင်းရရှိသည်။
#PAN