၂၀၁၉ ခုနှစ် နောက်ပိုင်း အမေရိကန်အထက် လွှတ်တော်ခေါင်းဆောင်သည် တရုတ်နိုင်ငံသို့ပထမဆုံး ခရီးစဉ်သွားရောက်ခဲ့ပြီး ကုန်သွယ်မှုနှင့် fentanyl ဆေး တို့နှင့်ပတ်သက်၍ ဆွေးနွေး

အောက်တိုဘာ ၁၀

      အမေရိကန်နိုင်ငံသည် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံနှင့် ဆက်ဆံမှုအား ဖြတ်တောက်
လိုခြင်းမရှိသော်လည်း အမေရိကန်ကုမ္ပဏီများ လွတ် လပ်စွာယှဉ်ပြိုင်နိုင်မည့် ကစားကွက်အား ရှာဖွေနေကြောင်း၊ ၄ နှစ်တာကာလအတွင်း တရုတ်နိုင်ငံသို့ ပထမဆုံးအဖြစ် ကွန်ဂရက်လွှတ်တော် ခရီးစဉ်အား ဦးဆောင်ခဲ့သည့် အကြီးတန်းအမေရိကန်လွှတ်တော်အမတ်တစ်ဦးက အောက်တိုဘာလ ၇ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

      အထက်လွှတ်တော်၏ လူအများစုခေါင်း ဆောင် Chuck Schumer နှင့် အခြားအထက် လွှတ်တော် အမတ် ၅ ဦးတို့သည် တောင်ကိုးရီးယားနှင့် ဂျပန်နိုင်ငံတို့အပါအဝင် ၃ နိုင်ငံ ခရီးစဉ်အဖြစ် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့ သို့ အောက်တို ဘာလ ၇ ရက် အစောပိုင်းတွင် ရောက်ရှိခဲ့ပါသည်။

      အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြား ဆက်ဆံရေး သိသိသာသာယိုယွင်းလာသဖြင့် အမေရိကန်သမ္မတ Joe Biden နှင့် တရုတ်သမ္မတ Xi Jinping တို့ကြား လာမည့် နိုဝင်ဘာလအတွင်း ဖြစ်နိုင်ခြေရှိသည့် တွေ့ဆုံမှုများအတွက် အုတ် မြစ်ချနိုင်ရန် တာဝန်ရှိသူများက ကြိုးစားနေချိန်တွင် ယခုခရီးစဉ် ပေါ်ထွက်လာခြင်းဖြစ်ပါသည်။

      ” ကျွန်တော်တို့အနေဖြင့် ယှဉ်ပြိုင်ရန် ပြင်ဆင်ထားသော်လည်း ပဋိပက္ခအား ရှာဖွေမည်မဟုတ်” ဟု တရုတ်ကွန်မြူနစ်ပါတီအကြီးအကဲအား Schumer က ပြောကြားခဲ့ပါသည်။ တရုတ် ကွန်မြူနစ်ပါတီခေါင်း ဆောင် Chen Jining သည် ၎င်း၏ အမှာစကားတွင် သီးခြားပြဿနာများအား ရှောင်ရှားခဲ့ပြီးတည်ငြိမ်၍ ကောင်းမွန် သော တရုတ်-အမေရိကန် ဆက်ဆံရေးသည် တစ်ကမ္ဘာလုံးအတွက် အကျိုးရှိမည်ဖြစ် ကြောင်းနှင့် တရုတ်နိုင်ငံတွင် အမေရိကန်ကုမ္ပဏီပေါင်း ၅၆၄၀ ရှိပြီး ဒေသတွင်းအဆင့် ကုန်သွယ်မှုမြှင့်တင်ခြင်းအား ဆွေးနွေးခွင့်ရသည့်အတွက် ဝမ်း သာကြောင်း ပြောကြားခဲ့ပါသည်။

        အမေရိကန်သည် အမျိုးသားလုံခြုံရေး၊ လူ့အခွင့်အရေးနှင့် အခြားစိုးရိမ်မှုများကြောင့် တရုတ်နိုင်ငံအပေါ် အခွန်စည်းကြပ်မှုနှင့် အခြားကုန်သွယ်မှုကန့်သတ်ချက်များ ချမှတ်ထားပြီး အဆင့်မြင့်ကွန်ပျူ တာတွင်အသုံးပြုသော လျှပ်ကူးပစ္စည်း (semiconductors) များနှင့် အခြားသော အဓိကနည်းပညာများ အသုံးပြုခွင့်အား ပိတ်ပင်ထားပါသည်။ အမေရိကန်ဦးဆောင်သော နိုင်ငံတကာစည်းမျဉ်းအပေါ် ခြိမ်းခြောက်မှုများ ဖြစ်လာနိုင်သောကြောင့် ၎င်း၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအား ထိန်းချုပ်နိုင်ရန် အမေရိကန်နိုင်ငံက ကြိုးပမ်းနေကြောင်း တရုတ်နိုင်ငံက စွပ်စွဲခဲ့ပါသည်။

       အမေရိကန်နိုင်ငံသည် တရုတ်လူမျိုးများအား စီးပွားရေးအခွင့်အလမ်းများ ပိုမိုရရှိစေလိုသော်လည်း အမေရိကန်အများစုအနေဖြင့် တရုတ် ယနိုင်ငံသည် အမေရိကန်ကုမ္ပဏီများအား မျှမျှတတဆက်ဆံခြင်းမရှိဟု ယူဆကြောင်း Schumer က ပြောကြားခဲ့ပါ သည်။

        အမေရိကန်နိုင်ငံတွင် တရုတ်ကုမ္ပဏီများအနေ ဖြင့် လွတ်လပ်စွာယှဉ်ပြိုင်နိုင်တာကြောင့် တရုတ်နိုင်ငံရှိ အမေရိကန်ကုမ္ပဏီများကိုလည်း လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ပေးသည့် အပြန်အလှန်ထိန်းကျောင်းမှု လိုအပ်သည်ဟု ကျွန်ုပ်တို့ ယုံ ကြည်ကြောင်း Schumer က ပြောကြားခဲ့ပါ သည်။

        မကြာသေးမီလများအတွင်း တရုတ်နိုင်ငံတွင် အမေရိကန်အဆင့်မြင့်အုပ်ချုပ်ရေးအရာရှိများ ဆက် တိုက်တွေ့ဆုံမှုများပြုလုပ်ခဲ့ကြသော် လည်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် တရုတ်နိုင်ငံ၏ COVID-19 ကန့် သတ်ချက်များအား ရုတ်သိမ်းပြီးနောက် Schumer နှင့် ၎င်း၏အဖွဲ့ သည် ပထမဆုံးသော အမေရိကန်လွှတ် တော်အမတ်များ ခရီးစဉ်အဖြစ် လာရောက်ခဲ့ခြင်းဖြစ်ပါသည်။

        အမေရိကန်နိုင်ငံ၏ ဒီမိုကရက် ပါတီမှ ၃ ဦးနှင့် ရီပတ်ဘလီကန်ပါတီမှ ပါတီ ၃ ဦးတို့ပါဝင်သော ကိုယ် စားလှယ်အဖွဲ့သည် အောက်တိုဘာလ ၇ ရက်နေ့ နေ့လယ်ပိုင်းတွင် အမေရိကန်အစိုးရလေယာဉ်ဖြင့် ရောက်ရှိခဲ့ပါသည်။ ရီပတ်ဘလီကန်ပါတီအဖွဲ့အား Idaho Sen က ဦးဆောင်ခဲ့ပြီး အထက်လွှတ်တော် ဘဏ္ဍာရေးကော်မတီတွင် ၎င်းပါတီ၏အကြီးတန်းအဖွဲ့ဝင် အထက်လွှတ် တော်အမတ် Mike Crapo လည်းပါဝင်ခဲ့ပါ သည်။ Schumer သည် New York Democrat ပါတီဝင် တစ်ဦးဖြစ်ပါသည်။

       ယခုသီတင်းပတ်အစောပိုင်း ထုတ်ပြန်ချက်တစ်ခုတွင် တရုတ်နိုင်ငံ၏ ခရီးစဉ်သည် အမေရိကန်လွှတ် တော်တွင် တရုတ်နိုင်ငံအပေါ် ပိုမိုရည် မှန်းချက်ထားနားလည်မှုရှိလာစေရန် အထောက် အကူဖြစ်စေမည်ဟု မျှော်လင့်ကြောင်း ဖော်ပြခဲ့ပါသည်။

#PAN