အာဖဂန်နစ္စတန်နိုင်ငံ၌ ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၂၄၄၅ ဦးရှိလာ

အောက်တိုဘာ ၁၀

      အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဟီရတ်ပြည် နယ်နှင့် အိမ်နီးချင်းပြည်နယ်များ၌ ဖြစ်ပွားခဲ့သည့် မြေငလျင်လှုပ်ခတ်မှုနှစ်ခုကြောင့် သေဆုံးသူ ၂၄၄၅ ဦး ရှိလာကြောင်း ဟီရတ်ပြည်နယ် အာဏာပိုင်များက အောက်တိုဘာ ၈ ရက် ညပိုင်းတွင် ပြောကြားသည်။

       ယင်းမြေငလျင်ကြောင့် ပျက်စီးမှုအများဆုံးဒေသမှာ ဟီရတ်ပြည်နယ်အတွင်းရှိ ဇန်ဒါဂျန်ခရိုင်ဖြစ်ပြီး ယင်းဒေသတွင် ကျေးရွာ ၁၃ ရွာပျက်စီး ဆုံးရှုံးခဲ့ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ အမျိုးသားသဘာဝ ဘေးစီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့မှ ဟီရတ်ပြည်နယ်ညွှန်ကြားရေးမှူး မော်လဝီမူဆာအက်ရှာရီက ပြောသည်။

       မြေငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၉၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားသဘာဝဘေး စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့မှ  ပြော ရေးဆိုခွင့်ရှိသူ မူလန်ဂျာနန်ရှေ့ခ်က ပြောသည်။


အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့်  ပြင်းအား ၆ ဒသမ ၃ အဆင့်ရှိ အင်အားပြင်းမြေငလျင်နှစ်ခုလှုပ်ခတ်ခဲ့မှုအတွက် နိုင်ငံတကာအကူ အညီများရရှိရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်သားများက တောင်းဆိုထားကြောင်းသိရသည်။

       လက်ရှိတွင် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့က အဝတ်အထည်များနှင့် သန့်ရှင်းရေးသုံးပစ္စည်းများ ပေးပို့ထားပြီး ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်ကလည်း အိမ်ထောင်စု ၇၀၀ အား အစားအသောက်များ ဖြန့်ဝေပေးထားပြီး ဖြစ် ကြောင်း သိရသည်။

#PAN