အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကျင်းပပြီးစီး မြန်မာအားကစားအဖွဲ့ နိုင်ငံအလိုက်ဆုရရှိမှု အဆင့် ၂၇ နေရာ၌ ရပ်တည်

အောက်တိုဘာ ၉

       တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို အောက်တိုဘာ ၈ ရက်က ဟန်ကျိုးမြို့ရှိ Olympic Stadium ၌ ကျင်းပ သည်။ ပိတ်ပွဲအခမ်းအနားတွင် အာရှအားကစားပြိုင်ပွဲကျင်းပရေးအလံကို ၂၀၂၆ ခုနှစ် အိမ်ရှင် ဂျပန်နိုင်ငံထံ လွှဲပြောင်းပေးအပ်သည်။

       အဆင့် (၂၇) နေရာ ရပ်တည် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာ ၈ ရက်အထိ ကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၄၀ ကျော်မှ အားကစားသမားစုစုပေါင်း ၁၀၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

       ယင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားအဖွဲ့အနေဖြင့် ရွှေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်နှစ်ခုဖြင့် နိုင်ငံအလိုက် ဆုရရှိမှုတွင် အဆင့် (၂၇)နေရာ၌ ရပ်တည်ခဲ့သည်။ အိမ်ရှင်တရုတ်နိုင်ငံက ရွှေတံဆိပ် ၂၀၁ ခု၊ ငွေတံဆိပ် ၁၁၁ ခု၊ ကြေးတံဆိပ် ၇၁ ခုဖြင့် နိုင်ငံအလိုက် ပထမနေရာရပ်တည်ခဲ့ပြီး ဂျပန်နိုင်ငံက ရွှေတံဆိပ် ၅၂ ခု၊ ငွေတံဆိပ် ၆၇ ခု၊ ကြေးတံဆိပ် ၆၉ ခုဖြင့် ဒုတိယ၊ တောင်ကိုရီးယားနိုင်ငံက ရွှေတံဆိပ် ၄၂ ခု၊ ငွေတံဆိပ် ၅၉ ခု၊ ကြေးတံဆိပ် ၈၉ ခုဖြင့် တတိယနေရာတွင် ရပ်တည်ခဲ့သည်။

       မြန်မာအားကစားအဖွဲ့သည် ယခုပြိုင်ပွဲတွင် အားကစားနည်း ခုနစ်မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာပိုက်ကျော်ခြင်းအသင်းက ရွှေတံဆိပ်တစ်ခု၊ မြန်မာရိုးရာလှေအဖွဲ့က ကြေးတံဆိပ် နှစ်ခု ရရှိခဲ့သည်။

        ကျန်အားကစားနည်းများဖြစ်သည့် ဘော လုံး၊ ဝူရှူး၊ Esports၊ တိုက်ကွမ်ဒိုနှင့် မြားပစ်အားကစားနည်းများမှာ ဆုတံဆိပ်နှင့် လွဲချော်ခဲ့သည်။ မြန်မာအားက စားအဖွဲ့အတွက် ရွှေတံဆိပ်ဆုကို အမျိုးသားလေးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ရယူနိုင်ခဲ့ပြီး ကြေးတံဆိပ်ဆုများကို ရိုးရာလှေ အမျိုးသမီး မီတာ ၅၀၀ ပြိုင်ပွဲတွင် တစ်ခုနှင့် ရိုးရာလှေ အမျိုးသား မီတာ ၁၀၀၀၀ ပြိုင်ပွဲတွင် တစ်ခု ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

#PAN