ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သိန္နီမြို့နယ် ကွန်ကောက်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများကို KIA+TNLA+MNDAA+SSA+PDF) အကြမ်းဖက်အဖွဲ့များက ဆက်ကြေးအဓမ္မကောက်ခံ၍ ဒေသခံများက ရွံရှာမုန်းတီးမှုများဖြစ်ပေါ်

အောက်တိုဘာ ၉ ရက်

အောက်တိုဘာ ၇ ရက်နေ့မှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သိန္နီမြို့နယ် ကွန်ကောက်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများကို KIA+TNLA+MNDAA+SSA+PDF) ပူးပေါင်းအကြမ်းဖက်အဖွဲ့များဝင်ရောက်လာပြီး ကုန်တင်ကားကြီးများအား လက်နက်ပြ၍ ငွေကြေးအဆမတန်တောင်းယူနေကြောင်း ၊ ကုန်တင်ကားကြီးအများစုမှာ အဆိုပါလမ်းပေါ်သို့ မဖြတ်သန်းရဲကြသည်မှာ ၃ ရက်ခန့်ရှိပြီးဖြစ်ကြောင်းသိရပါသည်။

ဒေသခံများက ၎င်းတို့ကို
ကျေးရွာအတွင်း မနေကြရန် ၊ မလာကြရန်ပြောကြားသော်လည်း ပြောလို့မရကြောင်း ၊ ပလောင်နှင့်ကချင် လက်နက်ကိုင်အဖွဲ့များသည် ဒေသခံများက “မလာနဲ့ပြောရအောင် သူကြီးကဘာကောင်လဲ သူကြီးအသက်အပိုပါလား”ဟု လို့မေးတော့ ဒေသခံသူကြီးများကလည်းပြန်မပြောရဲ ကြကြောင်း ၊ ၎င်းတို့အကြမ်းဖက်အဖွဲ့များက ဆက်ကြေးတွေအတင်းတောင်းခံနေ၍ ကားသမားများ မသွားမလာရဲကြ‌
ကြောင်း ၊ ကားသမားများ
မလာတော့၍ ၎င်းတို့ပိုက်ဆံမရ
တော့ကြောင်း ၊
၎င်းတို့ ပိုက်ဆံမရတော့၍ ရွာထဲက အိမ်တွေထဲသို့ ဝင်လာ၍ ဘာမှမပြောဘူး ၎င်းတို့လိုချင်ရာပစ္စည်းများကို အကုန်ယူကြ‌
ကြောင်း ၊ ဖုန်း ၊ နာရီ ၊ ငွေကြေး ၊ ရွှေထည် ပစ္စည်းများကို ယူကြကြောင်း ၊ ငွေကြေးရှာမတွေ့ရင် အိမ်ရှင်များကို ရိုက်နှက် စစ်မေးပြီး ရှိသမျှအကုန်ယူကြကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရပါသည်။

အဆိုပါအကြမ်းဖက်မှုများကြောင့် ကျေးရွာပြည်သူများ ရပ်ရွာအတွင်း မနေထိုင်ရဲကြတော့၍ ထွက်ပြေးတိမ်းရှောင်းနေကြရကြောင်း သိရှိရပါသည်။

၎င်းအကြမ်းဖက်အဖွဲ့များ၏ မတရားဖိနှိပ် ငွေကြေးများကို လုယက်ကြသည့်အတွက် တပ်မတော်နှင့်အစိုးရ၏အရိပ်အာဝါသရှိသော သိန္နီမြို့ပေါ်သို့ ထွက်ပြေးလာကြခြင်းဖြစ်ကြောင်းသိရှိရပါသည်။

ယနေ့ အကြမ်းဖက်ပူးပေါင်းအဖွဲ့များ၏ လုယက်မှု့များကိုကြောက်လန့်၍ထွက်ပြေးလာကြသော ပြည်သူများမှာ ကွန်ကောက်ကျေးရွာမှ ၁၈၀ ဦး ၊ ပိန်းဟုန်းကျေးရွာမှ ၁၂ ဦး ၊ ဝမ်ဟေကျေးရွာမှ ၃၅ ဦး
စုစုပေါင်း ၂၂၇ ဦးရှိကြောင်းသိရှိရပါသည်။

အဆိုပါထွက်ပြေးလာသော ပြည်သူများကို သိန္နီမြို့ပေါ်ရှိ လူမှု့ရေးအဖွဲ့များနှင့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်များက လိုအပ်သော အစားအသောက်များ သွားရောက်ထောက်ပံ့ခဲ့ကြကြောင်းသိရှိရပါသည်။

အဆိုပါအကြမ်းဖက်အဖွဲ့များ ၎င်းတို့ကို ဆက်ကြေးလာပေးရန်စာဖြင့် ခြိမ်း‌ခြောက်တောင်းဆိုကြကြောင်း ၊ ၎င်းတို့တောင်းဆိုသောငွေကြေးကို ဒေသခံများက ၎င်းတို့ထံသွားရောက်၍ ဆက်ကြေးပေးရမယ်ရမည်ဖြစ်ကြောင်း ၎င်းတို့တောင်းဆိုတဲ့ပိုက်ဆံမပေးရင် ဒေသခံရွာသူရွာသားများကို အရေးယူမည်ဟုခြိမ်းခြောက်သဖြင့် ဒေသခံများက ကြောက်လန့်၍ သွား‌ရောက်ပေးရကြောင်း ၊ ၎င်းတို့ စခန်းထိသွားပေးရကြောင်း ၊ သွားပေးခဲ့ရသော်လည်း ၎င်းတို့က သူတို့ မရကြောင်း ၊ ရတဲ့အဖွဲ့ဟာ သူတို့အဖွဲ့မဟုတ်ကြောင်း ၊

ဆက်ကြေးရတဲ့အဖွဲ့က ၎င်းတို့အဖွဲ့မဟုတ်ကြောင်း ၊ ၎င်းတို့နဲ့နှင့် သူတို့က မတူဘူးဆိုတဲ့အကြောင်း ၊ ၎င်းတို့အဖွဲ့ထဲကပဲ နောက်တယောက်ကျတော့ ငါတို့နဲ့တော့တူတယ်၊အခုဟာက အရေးပေါ်ရန်ပုံငွေဆိုတဲ့အကြောင်း ၊ ပြည်သူလူထုဘယ်လောက် ဒုက္ခရောက်နေလဲဆိုတာ အကြမ်းဖက်အဖွဲ့တွေက မကြည့်တတ်မမြင်တတ်ကြတော့ကြောင်း ၊ ၎င်းတို့ရဲ ဒီလိုလုပ်ရပ်တွေဟာ ဒီမိုကရေစီရလား ၊ ဒါ့ကြောင့် စစ်တပ်ကို ငါတို့က ပို၍အားကိုးကြကြောင်း ၊ အကြမ်းဖက်အဖွဲ့တွေရဲ့ စခန်း
တွေကို ဒေသခံတွေအကုန်သိကြတယ်လို့ အဆိုပါဒေသခံများကပြောကြားလာကြကြောင်း သိရှိရပါသည်။

#PAN