ရိုးမားအသင်းမှာ ခြေစွမ်းပြနေတဲ့ လူကာကူ

Photo: Roma

အောက်တိုဘာ ၉
စီးရီးအေပွဲစဉ်(၈)အဖြစ် ကာဂရီယာလီနဲ့ပွဲစဉ်တွင် တိုက်စစ်မှူး လူကာကူ၊ဘယ်လော့တီ၊အာဝါ တို့ရဲ့ သွင်းဂိုးများဖြင့် 1-4 ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် စီးရီးအေ (၂)ပွဲဆက် နိုင်ပွဲပြန်လည်ရယူထားနိုင်ပါတယ်။
ရိုးမားအသင်းရဲ့ အဓိကတိုက်စစ်မှူး ရိုမန်လူ လူကာကူ က ပွဲထွက်ကစားသမားအဖြစ် ပြိုင်ပွဲစုံ(၇)ပွဲကစားပြီး (၇)ဂိုးအထိသွင်းယူထားနိုင်ပါတယ်။
နည်းပြ ဂျိုဇေ မော်ရင်ညိုရဲ့ ရိုးမားအသင်းဟာ ရာသီအစ ရလဒ်ဆိုးရွားနေမှုများကြောင့် ဖိအားများရှိနေသည့် အသင်းတစ်သင်းလည်းဖြစ်ပါတယ်။
ရိုးမားအသင်းဟာ နောက်ဆုံးကစားခဲ့သည့် စီးရီးအေ အပါအဝင် ပြိုင်ပွဲစုံ (၃)ပွဲဆက် နိုင်ပွဲရရှိထားကြောင်းသိရပါတယ်။