မော်လမြိုင်ကျွန်းမြို့နယ် ၊ လပွတ္တလုပ်ကြီးကျေးရွာအုပ်စု၊ မော်ကျွန်း – ဝါးခယ်မကားလမ်းတာ၏ အနောက်ဘက်၊ မယ်ဇလီချောင်းဖျားနှင့် ကားတာမြောင်း ကပြတ်ပေါက်ထိပ်တွင် ကလေးများ ငါး၊ ပုဇွန်စမ်းရာမှ ကျည်အိမ် နှင့် ကျည်ဆံများ ပါသော အထုပ် တစ်ထုပ် တွေ့ရှိ


အောက်တိုဘာ ၉
ဧရာဝတီတိုင်းဒေသကြီး ၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် ၊ လပွတ္တလုပ်ကြီးကျေးရွာအုပ်စု၊ မော်ကျွန်း – ဝါးခယ်မကားလမ်းတာ၏ အနောက်ဘက်၊ မယ်ဇလီချောင်းဖျားနှင့် ကားတာမြောင်း ကပြတ်ပေါက်ထိပ်တွင် ယမန်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်နာရီ ခန့်တွင် ကလေးများ ငါး၊ ပုဇွန်စမ်းရာမှ ကျည်အိမ် နှင့် ကျည်ဆံများ ပါသော အထုပ် တစ်ထုပ် တွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။
ဖြစ်စဥ်မှာ ကျေးရွာအတွင်း မှ ကလေးများ ငါး၊ ပုဇွန် စမ်းရင်းရာမှ အထုပ် ၁ ထုပ်တွေ့ရှိခဲ့ပြီး ၊ ၎င်း အထုပ်အတွင်းမှ ကျည်အိမ် ၁ ခု၊ ကျည်ဆံ ၁၉ တောင့်၊ နှစ်လက်အသွာပါး ဓား ၁ ချောင်း၊ ရဲဘောင်းဘီ ၁ ထည်၊ ရဲ ခါးပတ် ၁ ချောင်း၊ တို့ကို တွေ့ရှိခဲ့ပြီး၊ ကျေးရွာ ရာအိမ်မှုး၊ အုပ်ချုပ်ရေးမှုး တို့မှ တဆင့် မြို့နယ် အဖွဲ့အစည်းအဆင့်ဆင့်သို့ ဆက်လက်သတင်းပေးပို့ ဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။

#PAN