မုဒုံ အောက်တိုဘာ ၇
မွန်ပြည်နယ် မုဒုံမြို့၏ နှစ်စဥ်ကျင်းပမြဲဖြစ်သော ဆွမ်းဆန်တော်လောင်းလှူပွဲကို ယမန်နေ့ နေ့လည် ၁၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါလောင်းလှူပွဲတွင် မုဒုံမြို့နယ်အတွင်းရှိကျောင်းတိုက်ပေါင်း ၆၀ မှ ဝါဆိုသံဃာ ၂၁၆၀ပါး၊သီလရှင်ကျောင်း ၁၃ ကျောင်းမှ ၄၀၈ ပါး စုစုပေါင်း၂၅၆၈ ပါးတို့မှ အလှူခံကြွရောက်တော်မူကြကြောင်း သိရသည်။
အဆ်ုပါကျောင်းတိုက်များမှ သံဃာတော်များ၊ သီလရှင်များသည် မြို့နယ်သာသနာ့ဗိမ္မာန်မှစတင်ကာ မုဒုံမြို့ရပ်ကွက်များအတွင်းသို့ ကြွရောက်တော်မူကြပြီး ဗုဒ္ဓဘာသာဝင်များမှ ဆွမ်းဆန်တော်၊ ငွေပဒေသာပင်နှင့် အခြားလှူဖွယ်ဝတ္တုပစ္စည်းလှူဒါန်းကြကြောင်း သိရသည်။
#PAN