၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှစတင်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းလေးသင်း ထည့်သွင်းကျင်းပ ရန် စီစဉ်

အောက်တိုဘာ ၈

       ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှစတင်ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အသင်းလေးသင်းအထိ တိုးမြှင့်ပြီး ထည့်သွင်းကျင်းပဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။


       လက်ရှိမှာ ဥရောပဘောလုံးအဖွဲ့ချုပ်က ချန် ပီယံလိဂ်ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၃၂ သင်းဖြင့် ကျင်းပ နေတာဖြစ်ပြီး ပရိသတ်များ စိတ် ဝင်စားမှုပိုမိုမြင့်တက်လာစေဖို့ ရည်ရွယ်ပြီး ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှ စတင်ကာ ပြိုင်ပွဲဝင်အသင်းအရေအတွက် လေးသင်းအထိ တိုးမြှင့်ထည့်သွင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။

       ဥရောပဘောလုံးအဖွဲ့ချုပ်က ပြိုင်ပွဲဝင်အသင်း အရေအတွက် လေးသင်းအထိတိုးမြှင့်မှာဖြစ်တဲ့ အတွက် အုပ်စုအဆင့်မှာ ပြိုင်ပွဲဝင်အသင်း ၃၆ သင်း ရှိလာမှာဖြစ်တာကြောင့် အုပ်စုပွဲစဉ်တွေကို ဘယ်လိုပုံစံနဲ့ကျင်းပမယ် မည်သည့်လိဂ်က အသင်းအရေ အတွက် တိုးမြှင့်မယ်ဆိုတာတွေကို ထပ်မံဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။

#PAN