အာရှဖလား ဖူဆယ်ခြေစစ်ပွဲ ပထမပွဲတွင် မြန်မာအသင်း အနိုင်ရ

အောက်တိုဘာ ၈

       ၂၀၂၄ အာရှဖလား ဖူဆယ်ခြေစစ်ပွဲ အုပ်စုပထမနေ့ကို အောက်တိုဘာ ၇ ရက်က စတင်ကျင်းပရာ မြန်မာအသင်း အနိုင်ရရှိသည်။

       မြန်မာအသင်းပါဝင်သော အုပ်စု(E)ပွဲစဉ်များကို တာဂျစ်ကစ္စတန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီး မြန်မာအသင်းသည် အဖွင့်ပွဲတွင် ပါလက်စတိုင်းအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

       မြန်မာအသင်းသည် ယခုပွဲအနိုင်ရခဲ့သဖြင့် ခြေစစ် ပွဲအောင်မြင်ရန် မျှော်လင့်ချက်ပိုကောင်းလာခဲ့သည်။ မြန်မာအသင်းသည် ပထမပိုင်းတွင် တစ်ဂိုးဖြင့် အရေးနိမ့်နေသော်လည်း ဒုတိယပိုင်းတွင် ချေပဂိုးနှင့် အနိုင်ဂိုးသွင်းယူခဲ့ခြင်းဖြစ် သည်။

       ပထမပိုင်းတွင် အဆုံးသတ်အားနည်းနေသည့် မြန်မာအသင်းသည် ဒုတိယပိုင်းတွင် နည်း စနစ်ပိုင်းအပြောင်းအလဲပြုလုပ်ခဲ့ရာ ဂိုးများရခဲ့ခြင်းဖြစ်ပြီး နှစ်ဂိုးစလုံးကို ငြိမ်းမင်းစိုးက သွင်းယူခဲ့ခြင်းဖြစ်သည်။

        မြန်မာအသင်းသည် အုပ်စုဒုတိယပွဲအဖြစ်အောက်တိုဘာ ၉ ရက်တွင် အိန္ဒိယအသင်းနှင့် ယှဉ် ပြိုင် ကစားရမည်ဖြစ်သည်။

#PAN