ဘောနက်ကြီးလမ်းပိုင်း ကျော်မှုကြောင့် မော်တော်ယာဥ်များရပ်နားနေရ


အောက်တိုဘာ ၈


ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)မှာ မိုးသည်ထန်စွာရွာသွန်းမှုများရှိနေပြီး ယနေ့ နံနက်ပိုင်း ၈ နာရီ အချိန်ခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၉) ကိုတက်ရောက်မယ့် ဘောနက်ကြီးလမ်းပိုင်းမှာ ရေကြီးမှုတွေဖြစ်ပေါ်နေကြောင်း သိရသည်။

ယင်းကဲ့သို့ ရေကြီးရေလျှံဖြစ်ပေါ်နေသည့်အတွက် ပဲခူး၊ မွန်၊ ကရင်နဲ့ တနင်္သါရီတိုင်းများမှ နေပြည်တော်အပါအဝင်အထက်မြန်မာပြည်ကိုသွားမည့် ခရီးသွားနှင့်ကုန်ကားမျာ ဖြတ်သန်း၍မရပဲ ရပ်တန့်နေရကြောင်း သိရသည်။

လမ်းပိုင်းရေကျော်မှုဖြစ်ပွားရာနေရာများသို့ နယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ သက်ဆိုင်ရာအဖွဲ့အစည်းများက ဘေးအန္တရာယ်မဖြစ်စေရေး ပြည်သူများ သွားလာမှုလွယ်ကူစေရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံံ – CJ