ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ စက်တင်ဘာလအတွင်းယာဉ်မတော်တဆမှုကြောင့် ၄၉၆ ဦးသေဆုံး

အောက်တိုဘာ ၈

       ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ပြီးခဲ့သည့်လအတွင်းက
ကားလမ်း၊ မီးရထားလမ်းနှင့်ရေလမ်းကြောင်းတို့တွင် ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုများကြောင့် လူဦးရေစုစုပေါင်း ၄၉၆ ဦး သေဆုံးခဲ့ကြောင်းနှင့် အခြားသော ၆၈၁ ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

        ပြီးခဲ့သည့်လအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌
ကားလမ်းများတွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်
တဆမှု ၄၀၂မှုတွင် လူပေါင်း ၄၁၇ဦး သေဆုံးခဲ့ကြောင်းနှင့် ၆၅၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခရီးသည် သက်သာချောင်ချိရေးအသင်းကပြောသည်။

       ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အဆိုပါကာလ
အတွင်း မီးရထားလမ်းနှင့် စပ်လျဉ်း၍ မတော် တဆမှုများကြောင့် ၅၁ ဦးသေဆုံးခဲ့ကြောင်းနှင့် ၂၆ ဦးဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် ရေလမ်းကြောင်းတွင် ဖြစ်ပွားသည့် ယာဉ်မတော်တဆမှုကြောင့် ၂၈ ဦး သေဆုံးပြီးလေးဦးဒဏ်ရာရရှိခဲ့ကာ သုံးဦးပျောက်ဆုံးခဲ့ကြောင်း သိရသည်။

#PAN