တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိ

အောက်တိုဘာ ၈

       တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦး ဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင် ရွက်လျက်ရှိရာ အောက်တို ဘာ ၆ ရက်နေ့က ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူး ပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မူဆယ်မြို့ ဆင်ဖြူဂိတ်အကျော် လမ်းဘေးတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့ပစ္စည်းများ
ဖြစ်သည့် Tablet Battery ၄၀၊ Ferefit Smart Watch ၃၅ လုံးအပါအဝင် ကုန်ပစ္စည်း ၁၈ မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၇၉၃၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက် ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

        ထို့အတူ အောက်တိုဘာ ၆ ရက်နေ့က ပဲခူး တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘုရားကြီးမြို့၊ ရွှေသံလွင်တိုးဂိတ်အနီး၌ မြဝတီမှ ရန်ကုန်သို့ မောင်းနှင်လာသော မော်တော် ယာဉ် တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသော ကားတာယာအသစ် အလုံး ၇၀ အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၆၅၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရလည်း ကောင်း၊ ပဲခူးခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် ၇ ဒသမ ၃၆၄ တန်နှင့် သစ်မာ ၁၀ ဒသမ ၇၆၅ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၂၄၃၁၃၆)ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်း (ခန့်မှန်း တန်ဖိုး ငွေကျပ် ၅၀၈၉၃၁၃၆)ကို ဖမ်းဆီးအရေးယူဆောင် ရွက်လျက်ရှိသည်။

        အလားတူ အောက်တိုဘာ ၆ ရက်နေ့က မန္တလေး တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာ ဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြစ်ငယ်မြို့အဝင် တံတားအနီး၌ မိတ္ထီလာမှ မန္တလေးသို့ မောင်းနှင်လာသော မော်တော်ယာဉ် နှစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Vitamilk ပဲနို့ ၁၈၆၈၄ ဘူး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၃၄၇၂၈၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter တစ်စီးနှင့် Hyundai Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈၃၄၇၂၈၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက် ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

       အလားတူ အောက်တိုဘာ ၆ ရက်နေ့က ကရင် ပြည်နယ်တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ကော့ကရိတ်(တံ တားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ကြာဆံထုပ် ၁၅၃၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၅၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။

        ထို့ပြင် အောက်တိုဘာ ၆ ရက်နေ့က အကောက် ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ အကောက် ခွန်အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီကုန်သွယ်ရေးဇုန်၌ မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်း ကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် Construction Safety Net ကီလိုဂရမ် ၃၅၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၀၀၀၀၀) ကို သိမ်း ဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ် နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

       သို့ဖြစ်ပါ၍ အောက်တိုဘာ ၆ ရက်နေ့က ဖမ်းဆီးရမိမှု စုစုပေါင်းမှာအမှုတွဲ ၁၁ မှု (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၇၅၅၂၀၄၁၆)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

#PAN