အောက်တိုဘာ ၈
ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကင်မွန်းချောင်းကျေးရွာ အုပ်စု၊ ကျိုက်ထီးရိုးတောင်တက်လမ်း၊ မိုင်တိုင်အမှတ် ၇ မိုင် ၄ ဖာလုံ (ရသေ့တောင်ယာဉ်ရပ်နားစခန်းအနီး)တွင် တောင်တက်ကားလမ်းဘေးအောက်ဘက် မြေသားနံရံမှာ ရေတိုက်စားပြီး ကားလမ်းဘေး လမ်းပခုံးပြိုကျခဲ့ကြောင်း သိရပါသည်။
ကွန်ကရစ်ကားလမ်းပါ ပြိုကျနိုင်သည့် စိုးရိမ်ရသောနေရာသို့ ကျိုက်ထီးရိုးနယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လမ်းယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် သတိပေးအမှတ်အသားများပြုလုပ်ခြင်း၊ ရေစီးကောင်းမွန်စေရေးအတွက် မြောင်းဖောက်ခြင်းလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါ သည်။
#PAN