ကမ္ဘောဒီးယားနိုင်ငံက ပထမကိုးလအတွင်း ဆန်စပါးတင်ပို့မှုမှ ကန်ဒေါ်လာ ၃၂၇ ဒသမ ၄ သန်းဝင်ငွေရရှိ

အောက်တိုဘာ ၈

       ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ပထမ ကိုးလတာကာလအတွင်း ဆန်စပါးတင်ပို့မှု တန်ချိန်
၄၅၆၅၈၁ တန်ရှိခဲ့ခြင်းကြောင့် အမေရိကန်ဒေါ်လာ ၃၂၇ ဒသမ ၄ သန်း ဝင်ငွေရရှိခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဆန်စပါးအသင်းချုပ်က ယမန်နေ့တွင် ပြောကြားသည်။

       ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ နိုင်ငံနှင့် ဒေသပေါင်း ၅၇ ခုအားဆန်စပါးများ တင်ပို့နိုင်ခဲ့ကြောင်း အောက် တိုဘာ ၆ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

       ကမ္ဘောဒီးယားနိုင်ငံက ဆန်စပါးအဓိက တင်ပို့ခဲ့သည့် နိုင်ငံများစာရင်းတွင် တရုတ်နိုင်ငံက ထိပ်ဆုံးတွင် ရပ်တည်လျက်ရှိကြောင်း သိရသည်။

       ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ပထမကိုးလတာကာလအတွင်း တရုတ်နိုင်ငံသို့ ဆန်စပါးတန်ချိန် ၁၅၅၃၆၆ တန်တင်ပို့နိုင်ခဲ့ကြောင်းနှင့် တရုတ်နိုင်ငံသို့ တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၉၉ ဒသမ ၆ သန်း ဝင်ငွေရရှိခဲ့ကြောင်းလည်း သိရသည်။

      ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၃ ခုနှစ်အတွင်း
ဆန်စပါးတန်ချိန် ခုနစ်သိန်းတင်ပို့နိုင်ရန် မျှော်လင့်
ထားပြီး တရုတ်နိုင်ငံသည် အဓိကဈေးကွက်ဖြစ်
ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ချန်ဆုတ်အန်က ပြောသည်။

#PAN