အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲတွင် တရုတ်အသင်း ရွှေတံဆိပ်ဆုရ

အောက်တိုဘာ ၇

       အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲမှာ တရုတ်အသင်းက အဓိကပြိုင်ဘက်ဖြစ်တဲ့ ဂျပန်အသင်းကို နောက်ဆုံးမိနစ်မှာ ရယူနိုင်ခဲ့တဲ့ ရမှတ်နဲ့ အနိုင်ရရှိခဲ့ပြီး ရွှေတံဆိပ်ဆုကို ရရှိသွားခဲ့ပါတယ်။

       အောက်တိုဘာလ ၅ ရက်က ကစားခဲ့တဲ့ ဗိုလ်လုပွဲမှာ တရုတ်အသင်းနဲ့ ဂျပန်အသင်းတို့ အကြိတ်အနယ် ကစားခဲ့ကြပြီး အပြန်အလှန်ရမှတ်တွေနဲ့အတူ ပရိ သတ်ကို စိတ်လှုပ်ရှားမှုအပြည့် ပေးခဲ့ပါတယ်။

     လက်ရှိ ချန်ပီယံဖြစ်သလို အိမ်ရှင်လည်းဖြစ်တဲ့ တရုတ်အမျိုးသမီးအသင်းဟာ ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုနဲ့အတူ ဂျပန်အသင်းကို ဖိအားပေးကစားနိုင်ခဲ့သလို နောက်ဆုံးပွဲပြီးခါနီးအချိန်အထိ ၇၂ မှတ်စီနဲ့ သရေကျနေခဲ့တာဖြစ်ပြီး ပွဲပြီးဆုံးဖို့ စက္ကန့်ပိုင်းသာလိုတော့တဲ့အချိန်မှာ တရုတ်အသင်းက တိုက် စစ်ဆင်ကာ နောက်ထပ် ရမှတ် ၂ မှတ် ရယူနိုင်ခဲ့ကာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

       ဂျပန်အသင်းရဲ့ တိုက်စစ်ဆင်လာမှုကိုလည်း အကောင်းဆုံး ပိတ်ဆို့ကာကွယ်နိုင်ခဲ့တာကြောင့် ပွဲအပြီးမှာ တရုတ်အသင်းက ၇၄ မှတ် ၇၂ မှတ်နဲ့ အနိုင်ရခဲ့ပြီး အာရှချန်ပီယံဆုကို ဆက်လက်ထိန်းသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

#PAN