အောက်တိုဘာ ၇
ရုရှား – တရုတ် ပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘာ့ရေးရာ တည်ငြိမ်ရေးအတွက် အရေးကြီးသော အချက်ဖြစ်ကြောင်းနှင့် ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းသည် အလားအလာများစွာရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က အောက်တိုဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။
ဆိုချီမြို့ရှိ Valdai Discussion Club ၏ အကြိမ် (၂၀)မြောက် နှစ်ပတ်လည်အစည်းအဝေး ၌ ဆင်ဟွာသတင်းဌာနက မေးမြန်းမှုကို ပူတင်က ဖြေကြားရာ တွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံ၏ အလားအလာရှိသည့် စီးပွားရေးတိုးတက်မှုကို ရည်ညွှန်းပြီး တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေး ထိပ်တန်းနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ် ကြောင်း ပူတင်က ပြောကြားခဲ့သည်။ နှစ်နိုင်ငံ ပူး ပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ တရုတ်၊ ရုရှား နှစ်နိုင်ငံတို့သည် ယူရေးရှားစီးပွားရေး အသိုက်အဝန်းတည်ဆောက်ရေးနှင့် အလား အလာရှိသော ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး အစီ အစဉ်များကို အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပူတင်က ဆက်လက်ပြောကြားခဲ့သည်။
တရုတ်နှင့် ရုရှား နှစ်နိုင်ငံစလုံးသည် မည်သည့်နိုင်ငံကိုမျှ စစ်ရေးအရ ဆန့်ကျင်သည့် အဖွဲ့အစည်းများဖန်တီးရန် မရည်ရွယ်ကြောင်း ပူတင်က ထပ် လောင်း ပြောကြားခဲ့သည်။
Valdai Discussion Club ၏ အကြိမ်(၂၀)မြောက် နှစ်ပတ်လည် အစည်းအဝေးကို အောက်တိုဘာ ၂ ရက်မှ ၅ ရက်အထိ ကျင်းပခဲ့ပြီးနိုင်ငံနှင့်ဒေသပေါင်း ၄၀ ကျော်မှ ကျွမ်းကျင်သူများနှင့် သံတမန်များ တက်ရောက်ခဲ့ကြသည်။
#PAN