မော်တော်ယာဉ် အာမခံစည်းကမ်းသစ်၊ ပရီမီယံနှုန်းထားအသစ်နှင့် အကျိုးခံစားခွင့်အသစ်များဖြင့်ပြောင်းလဲပြင်ဆင်ထားသော ပေါ်လစီအသစ် စတင်ရောင်းချခွင့်ပြုမည်

အောက်တိုဘာ ၇

       မြန်မာအာမခံလုပ်ငန်းများတွင် မော်တော် ယာဉ်အာမခံအသစ်ကို အာမခံထားသူနှင့် အာမခံကုမ္ပဏီတို့အကြား လျော်ကြေးပေါ်ပေါက်ချိန်တွင် အငြင်းပွားမှုမရှိစေရေးတို့အတွက် ရည်ရွယ် ၍ အများပြည်သူ နား လည်လွယ်အောင် မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီအောင် ရေးဆွဲထားပြီး မော်တော် ယာဉ် အာမခံစည်းကမ်းသစ်၊ ပရီမီယံနှုန်းထားအသစ်နှင့် အကျိုးခံစားခွင့်အသစ်များဖြင့်ပြောင်းလဲပြင်ဆင်ထားသော ယခုပေါ်လစီအသစ် ကို အောက်တိုဘာ ၁၂ ရက်တွင် စတင်ရောင်းချခွင့်ပြုသွားမည်ဖြစ်ကြောင်း အာမခံလုပ်ငန်းကြီး ကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားခဲ့ကြောင်း သိရသည်။

       ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ပြည်လမ်းရှိ Lotte Hotel ၌ ကျင်းပသည့် မြန်မာနိုင်ငံအာမခံအသင်းနှင့် နိုင်ငံပိုင် မြန်မာ့အာမခံလုပ်ငန်း အပါအဝင် အထွေထွေအာမခံကုမ္ပဏီများက ပြင်ဆင်ရေးဆွဲတင် ပြပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့က အတည်ပြုခွင့်ပြုသည့် မော် တော်ယာဉ်အာမခံအသစ် (New Motor Vehicle Insurance) မိတ်ဆက်ပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

        အဆိုပါ အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက မြန်မာနိုင်ငံ အာမခံဈေးကွက်တွင် ၁၉၉၆ ခုနှစ် အသုံး ပြုခဲ့သောကတည်းက ပေါ်လစီဟောင်းကို လက် ရှိ မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှု ရေးအခြေအနေများနှင့် ကိုက်ညီမှုရှိစေရေး၊ အာမခံဝန်ဆောင်မှုပေးသူနှင့် ဝယ်သူတို့အကြား တိကျမှု၊ မျှတမှု ရှိသည့် အာမခံအကာ အကွယ်သစ်များ ဖြည့်စွက်ထားကြောင်း တစ်ပါတည်းပြောကြားခဲ့သည်။

       မြန်မာနိုင်ငံ အာမခံအသင်းဥက္ကဋ္ဌ မြန်မာ့အာမခံမှူးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေး ဒေါက် တာစန္ဒာဦးက မော်တော်ယာဉ်အာမခံ ပေါ်လစီအသစ်၏ ပေါ်လစီစည်းကမ်းချက်၊ ပရီမီယံနှုန်း ထားနှင့် အကျိုးခံစား ခွင့်များ ပြင်ဆင်ခြင်းအတွက် မြန်မာနိုင်ငံ မော်တော် ယာဉ် အာမခံဈေး ကွက်ကို လေ့လာသုတေသနပြုလုပ်ခဲ့မှု၊ လက်ရှိ ရောင်းချနေသော ပေါ်လစီနှင့် အောက်တို ဘာ ၁၂ ရက်တွင် စတင်ရောင်းချမည့် ပေါ်လစီ အသစ်တို့ ၏ မတူညီသောအချက်များ၊ ပိုမိုကောင်းမွန်စေရန် ပြင်ဆင်ထားသည့် အချက်များကို ရှင်းလင်း တင်ပြခဲ့သည်။

       ဆက်လက်၍ မြန်မာနိုင်ငံ အာမခံအသင်း၏ ဆောင်ရွက်ချက်များနှင့် အာမခံလုပ်ငန်းဖွံ့ဖြိုးတိုး တက်လာမှုတို့ကို ဗီဒီယိုမှတ်တမ်းဖြင့်ပြသပြီး မော် တော် ယာဉ်အာမခံအသစ်၏ သိကောင်းစရာ အချက် အလက်များကိုလည်း ဗီဒီယိုမှတ် တမ်းပြသ၍ ရှင်း လင်းခဲ့သည်။

      အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့အနေဖြင့် မြန်မာနိုင်ငံရှိ အာမခံလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုး တက်စေရန် အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ ကြပ်မတ် ဆောင် ရွက်လျက်ရှိပြီး လက်ရှိတွင် အာမခံကုမ္ပဏီများကအသက်အာမခံနှင့် အထွေ ထွေအာမခံအပါအဝင် အာမခံအမျိုးအစား ၄၅ မျိုးကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း၊ ယခုမော်တော်ယာဉ်အာမခံပေါ်လစီအသစ်သည် မြန်မာနှစ်ဘာသာ အင်္ဂလိပ်၊ဖြင့် ရေးသားဖော်ပြထားသည့်အတွက် အာမခံထားသူများအနေဖြင့် ရှင်း ရှင်းလင်းလင်း နားလည်သဘောပေါက်နိုင်ကြောင်း၊ အာမခံထားသူများအတွက် အကျိုး ခံစားခွင့်များ ပိုမိုပေးထားပြီး အငြင်းပွားဖွယ် အချက်အလက်များအတွက် ပိုမိုတိကျ ပွင့်လင်းစွာဆောင်ရွက်ထားကြောင်း သိရသည်။

#PAN