မန်ယူအသင်းရဲ့ခံစစ်ကို ဝေဖန်လိုက်တဲ့  ဖာဒီနန်

အောက်တိုဘာ ၇

       ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေတဲ့ မန်ယူနောက်ခံလူဟောင်း ဖာဒီနန် က လက်ရှိမန်ယူအသင်းရဲ့ ခံစစ်မှာ ရှက်စရာကောင်းတယ်လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။

        ပြီးခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့် ပွဲစဉ်မှာ မန်ယူအသင်းဟာ ဂါလာတာစာရေးအသင်းကို ၂ ဂိုး၊ ၃ ဂိုးနဲ့ ရှုံးနိမ့်တဲ့ပွဲမှာ ဂိုးသမား အိုနာနာနှင့် ခံစစ်အမှားများကနေ ဂိုးများပေးခဲ့ရတဲ့အတွက် ဖာဒီနန် က ယခုကဲ့သို့ ဝေဖန်ခဲ့တာဖြစ်ပါတယ်။

       မန်ယူအသင်းဟာ ယခုရာသီ ပြိုင်ပွဲစုံ ၁၀ ကစားထားရာမှာ ၁၈ ဂိုးအထိ ခွင့်ပြုထားရတာဖြစ်ပြီး မန်ယူအသင်းနည်းပြအဖြစ် ဆောင်ရွက်နေတဲ့ နည်းပြ တန်ဟက် အနေနဲ့ အပြောင်းအလဲဖြစ်ဖို့ကို ပရီးမီးယားလိဂ် နည်းပြည်များအတွင်းမှာ စတုတ္ထနေရာမှာရှိတယ်လို့ သတင်းများကဖော်ပြနေပါတယ်။

#PAN