မင်္ဂလာဒုံမြို့နယ်၊ ရွှေနံသာကျေးရွာအုပ်စု၊ အမှတ် (၃)လမ်းမ၊ တံတားဖြူမှတ်တိုင်အနီးတွင် မော် တော်ယာဥ် ၄ စီး ထပ်ဆင့် ယာဥ်တိုက်အမှုဖြစ်ပွားပြီး ၃ ဦးသေဆုံး၊ ၁၁ ဦး ဒဏ်ရာရ

အောက်တိုဘာ ၇

       ယနေ့ နံနက် ၇ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံသာကျေးရွာအုပ်စု၊ ပုလဲ(၁/၂)ရပ်ကွက်၊ အမှတ် (၃)လမ်းမ၊ တံတားဖြူမှတ်တိုင်အနီး PT power ဆီဆိုင်တွင် ဆီထည့်ရန် ရပ်တန့်ထားသည့် YGN 7  – 7H.3218 အဖြူရောင်လိုက်ထရပ်ယာဉ်ကို PGH 11 N.7860  ယူတုန်းအမျိုးအစားအဖြူရောင်(ZKG) အထည်ချုပ်စက်ရုံဝန်ထမ်းကြို/ပို့ယာဉ်က နောက်မှဝင်ရောက်တိုက်မိခဲ့ကြောင်း၊ ၎င်းအပြင် 1F / 7221 ရွှေမန္တလာခရီးသည် Express ယာဥ်ကလည်း ထပ်မံဝင်ရောက်တိုက်မိကာ အမှတ် ၃လမ်းဘက်မှ မောင်းနှင်လာသည့် 6G / 5217 Taxi ယာဥ်ကို ထပ်ဆင့် တိုက်မိခဲ့ကြောင်း သိရပါသည်။

       ထိုသို့ ယာဥ်တိုက်ခိုက်မှုများဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၁ စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါ သည်။

       ထိုသို့ ယာဥ်တိုက်မူများကြောင့် 6G / 5217 Taxi ယာဥ်ပေါ်မှ အမျိုးသမီး ၃ ဦးသေဆုံပြီး၊ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦး၊ PGH 11 N / 7860 ယာဥ်ပေါ်မှ အမျိုးသမီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိသဖြင့် ပုလဲအရန်မီးသတ်စခန်းမှ သူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပိုဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။

#PAN