ဗီယက်နမ်နိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ် ပွားမှုမြင့်တက်

အောက်တိုဘာ ၇

       ဗီယက်နမ်နိုင်ငံ၌ သွေးလွန်တုပ်ကွေးရောဂါဖြစ် ပွားမှုမြင့်တက်နေကြောင်း ဗီယက်နမ်နယူးစ်
သတင်းစာက အောက်တိုဘာ ၆ ရက်တွင် ပြောကြား သည်။

         ဗီယက်နမ်နိုင်ငံ၏ မြို့တော် ဟနွိုင်းတွင် လွန်ခဲ့သည့်လအတွင်း ကူးစက်ခံရသူ ၁၅၃၀၀ ကျော်အထိ မြင့်တက်လာခဲ့သည်။ ဟနွိုင်းအခြေစိုက် အပူပိုင်းဒေသရောဂါဆိုင်ရာအမျိုး သားဆေးရုံသည် တစ်နေ့လျှင် ဝမ်းဗိုက်နာခြင်း၊ အသည်းနာခြင်း၊ အကျိတ်သွေးထွက်ခြင်း၊ သွေးဥများနည်းခြင်း၊ သွေးကျဥများနည်းခြင်းနှင့် သွေးကျဉ်ခြင်းလက္ခဏာများ ခံစားနေရသည့် သွေး လွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ လေးဦးမှ ငါးဦးအထိ ကုသပေးလျက်ရှိသည်။

       အထူးကြပ်မတ် ကုသဆောင်တွင် စနစ်တကျကုသမှုမခံယူရပါက၎င်းလူနာများသည် လေးနာရီ မှ ခြောက်နာရီအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားပြီး သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုအရေ အတွက်သည် အခြားမြောက်ပိုင်းပြည်နယ်များထက် လျင်မြန်စွာ မြင့်တက်လျက်ရှိပြီး လူနေထူထပ်သော မြို့တော်ဟနွိုင်းတွင် ခရီးသွားလာမှုနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ များပြားသောကြောင့် ခြင်များပေါက်ပွားရန်လွယ်ကူပြီး ရောဂါကူးစက်ပျံ့နှံ့မှု လွယ်ကူစေ သည်။

#PAN