ပုဂံဒေသသို့ ပြည်တွင်းပြည်ပခရီးသွားများ လာရောက်လည်ပတ်ရန် စိတ်ဝင်စားမှုမြင့်တက်

အောက်တိုဘာ ၇

       ပြည်တွင်းပြည်ပခရီးသွားများ အနေနှင့် ပုဂံဒေသတွင် ဖော်ဆောင်ထားသည့် ခရီးစဉ်ဒေသ ၇ ခုကို လာရောက် လည်ပတ်ရန် စိတ်ဝင်စားမှုမြင့်တက်လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)မှ သိရပါသည်။

       ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ခရီးစဉ်ဒေသ ၇ ခုမှာ ကျောက်မျက်မှော် ခရီးစဉ်၊ ညောင်ဦးမြို့နယ် အရှေ့တောင်ဘက် သက်စိုးတောင်ပေါ်ရှိ ကျောက်ရေကန်ခရီးစဉ်၊ ဇီးအိုလှ ကျေးရွာရှိ နှစ်ပေါင်း (၉၀၀)ကျော် သက်တမ်းရှိ မန်ကျည်းကိုးခွပင်နှင့် သစ် တောဦးစီးဌာနမှ ထိန်းသိမ်းထားသည့် (၂၁)ဧကရှိ အင်ကြင်းတော၊ ခေတ်အဆက် ဆက် သျှောင်ပေစူး ဆံကေသာများကို အမြတ် တနိုး ထိန်းသိမ်းထားရှိသည့် ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့ရှိ စက်စက်ယိုကျေးရွာ၊ ညောင်ဦးမြို့နယ်၏ အရှေ့ဘက် ညောင်ဦး – ကျောက်ပန်းတောင်းသွားကားလမ်း ၁၆ မိုင်ခန့်အကွာရှိ သဲပြင်တောကျေးရွာရုပ်စုံကျောင်း၊ ကျောက်ပန်းတောင်းမြို့နယ် လဲဂွ၊ လက်ပံအိုင် ကျေးရွာတို့ရှိ ဂဲမိုးအိုင် ခရီးစဉ်နှင့် ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက် ၁၁ မိုင်ခန့်ရှိ ပုပ္ပားတောင်တက် ခရီးစဉ်တို့ဖြစ်ပါသည်။

       ယခုအခါပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းသို့ လာရောက်လည်ပတ်လေ့လာသည့် ပြည်ပနိုင်ငံခြားသား ဧည့်သည်များအတွက် ဝင်ကြေးကောက်ခံသည့်နှုန်းထားကို ၂၀၂၃ ခုနှစ် အောက်တို ဘာလ ၁ ရက်မှ စတင်ပြီး ပြည်ပ နိုင်ငံသားတစ်ဦးလျှင် ဇုန်ဝင်ကြေး ၃၀,၀၀၀ ကျပ်သို့ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ပြီး နေထိုင်လည်ပတ်ခွင့် သက်တမ်းကိုလည်း ၃ ရက် (၇၂နာရီ) ပြင်ဆင်သတ်မှတ်၍ ၃ ရက်ထက် ကျော်လွန်ပါက ဇုန်ဝင်ကြေး ထပ်မံကောက်ခံ သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) တာဝန်ရှိသူများထံမှ သိရပါသည်။

#PAN