နျူကလီးယားရေငုပ်သင်္ဘော အချက်အလက်များကို နိုင်ငံခြားသားတစ်ဦးထံ မျှဝေပေးခဲ့သည့်ဟု အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့် စွပ်စွဲခံရ

အောက်တိုဘာ ၇

       အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် ၂၀၂၁ ခုနှစ် ဧပြီလတွင် အိမ်ဖြူတော်မှ ထွက်ခွာပြီးနောက် အမေရိကန် နျူကလီးယားရေငုပ်သင်္ဘောများအကြောင်းကို ဩစတြေးလျစီးပွားရေးလုပ်ငန်းရှင်တစ်ဦးထံ မျှဝေ ပေးခဲ့သည်ဟု စွပ်စွဲခံထားရသည်။

        ထရမ့် ၏ Marra Lago အိမ်ရာတွင် ဩစ တြေးလျ နိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံစဉ် အရေးကြီးသည့် အချက်အလက်များကို ထုတ်ဖော်ပြောကြားခဲ့သည်ဟု အေဘီစီရုပ်သံတွင် အောက်တိုဘာလ ၆ ရက်က ဖော်ပြခဲ့သည်။

       ပုံမှန်လှည့်လည်နေသည့် ရေငုပ်သင်္ဘောများတွင် `နျူကလီးယား ထိပ်ဖူး မည်မျှတပ်ဆင် ထားကြောင်းနှင့် ရုရှားရေငုပ်သင်္ဘောများကို မည်မျှနီးနီးကပ်ကပ် ပစ်ခတ်နိုင်ကြောင်း ဖော်ပြခဲ့သည်ဟု စွပ်စွဲထား သည်။

       ထရမ့်၏ ပြောရေးဆိုခွင့်ရှိသူကမူ ထရမ့် မှာ ဥပဒေဘောင်အတွင်းမှသာ လုပ်ဆောင်လေ့ရှိသည်ဟု ပြောသည်။ ထရမ့် သည် အိမ်ဖြူတော်မှ ထွက်ခွာပြီးနောက် ခွဲခြားသတ်မှတ်ထားသော စာရွက်စာတမ်းများကို တရားမဝင်သိမ်းဆည်းမှုဖြင့် ဇွန်လအတွင်းက တရားစွဲဆိုခံခဲ့ရသည်။

        သမ္မတဟောင်း ထရမ့် အနေဖြင့် လာမည့်နှစ်တွင် ရွေးကောက်ပွဲပြန်ဝင်ရန် စီစဉ်ထားမှုကြောင့် အရေး ကြီးသည့် အချက်အလက်များအပေါ် ထရမ့်၏ ကိုင်တွယ်မှုကို မီဒီယာများက အာရုံစိုက်နေကြသည်။

#PAN