အောက်တိုဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ နတ်ကြီးကျေးရွာအုပ်စု၊နတ်ကြီးကျေးရွာနေသူ သာမန်ပြည်သူများဖြစ်ကြသော ဦးစိုးထွေး၊၄၃နှစ်၊(ဘ)ဦးအောင်ထွန်းနှင့် ကိုရဲသွေး၊၂၇နှစ် ၊(ဘ)ဦးကျော်ကျော်ဦးတို့နှစ်ဦးကို အကြမ်းဖက်သမား PDF ၈ ဦးက ယနေ့ မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်တွင် သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။
ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အဆိုပါ အမျိုးသား နှစ်ဦးစလုံး အခင်းဖြစ် နေရာတွင်သေဆုံးသွားခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းသိရှိရသည်မှာ သေဆုံးသူ ၂ ဦးမှာ သာမန်အရပ်သားများဖြစ်ကြပြီး လွန်ခဲ့သည့်ရက်အနည်းငယ်က နတ်ကြီးကျေး ရွာ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ ခေတ္တအခြေပြု နေ ထိုင်စဉ်က သေဆုံးသူ နှစ်ဦးသည် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဆက်သွယ်ပြောဆိုမှုရှိခဲ့သဖြင့် ဒလန်ဟု စွပ်စွဲချက်ဖြင့် သတ်ဖြတ်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံရွာသားများ၏ ပြောကြားချက်အရ သိရှိပါသည်။
ထိုကဲ့သို့ လူသတ်အကြမ်းဖက် PDF များ၏ လက် နက်မဲ့ အရပ်သားပြည်သူများကို ဒလန်ဟုသော စွပ်စွဲ ချက်ဖြင့် ပစ်မှတ်ထားသတ်ဖြတ်ခြင်းများသည် နိုင်ငံတကာစစ်ဥပဒေ (ခေါ်) ဂျီနီဗာကွန်ဗင်းရှင်း၏ နောက်ဆက်တွဲစာချုပ် (၁)၊ အပိုဒ် ၅၂ အပိုဒ်ခွဲ(၂)ပါ ပြည်တွင်း စစ်ပွဲများတွင် ဘက်နှစ်ဘက် စစ်ဆင်တိုက်ခိုက်နေစဉ် စစ်ရေးပစ်မှတ်ကိုသာ တိုက်ခိုက်ခွင့်ရှိသည်ဟုသောအချက်ကို ချိုးဖောက်နေခြင်းသာ ဖြစ်ပါသည်။
#PAN