ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံ သား ၃၇၇ ဦးအား တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်

အောက်တိုဘာ ၇

       ကိုးကန့်လူထုသတင်းတင်ဆက်မှု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြုချက်ဖြင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အကြီး အကဲများ၏ ဦးဆောင်မှုအောက်တွင် နယ်စပ်ဖြတ်ကျော် တရားမဝင် ဝင်ရောက် လာသည့် တရုတ်နိုင်ငံသားများအား ဖမ်းဆီးခြင်းနှင့် နေရပ်ပြန်ပို့ရေးကို အောင်မြင်စွာ ဆောင်ရွက် ခဲ့ပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ တရားမဝင် ဝင်ရောက်နေထိုင်သူများအား ဥပဒေနှင့်အညီ ဖမ်းဆီး၍ တရုတ် နိုင်ငံရဲတပ်ဖွဲ့ထံသို့ ယနေ့ နံနက်ပိုင်းက လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

        ရန်လုံကျိုင်းနယ်စပ်ဖြတ်ကျော်ရေးစခန်း၌ လွှဲပြောင်းခြင်းလုပ်ငန်းကို ချောမွေ့စွာ ဆောင်ရွက်ခဲ့ပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လူဝင် မှုကြီးကြပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့နှင့် တရုတ်နိုင်ငံရဲတပ်ဖွဲ့ တို့က နှစ်နိုင်ငံ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် လွှဲပြောင်းပေးအပ်ခြင်းလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ခဲ့ပါသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထောက်အကူပြုရုံး၊ လောက်ကိုင်မြို့နယ် ရဲတပ်ဖွဲ့၊ ကိုးကန့်ဒေသရဲတပ်ရင်းစသည့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ လွှဲပြောင်းခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြပါ သည်။

       အထက်ပါလုပ်ထုံးလုပ်နည်းများအတိုင်း ပြုလုပ်ပြီးနောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လူဝင်မှုကြီး ကြပ်ရေးဦးစီးဌာနနှင့် တရုတ်ရဲတပ်ဖွဲ့သက်ဆိုင်ရာတာဝန်ရှိသူများသည် ယခုအကြိမ်လွှဲပြောင်းပေးမည့်သူဦးရေနှင့် လွှဲပြောင်းပေးအပ်ခြင်း စာချွန်လွှာကို လက်မှတ်ရေးထိုး အတည်ပြုခဲ့ကြသည်။

      ယခုအကြိမ်တွင် တရုတ်ရဲတပ်ဖွဲ့ထံသို့ တရား မဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား စုစုပေါင်း ၃၇၇ ဦးကို လွှဲပြောင်းပေးအပ်ခဲ့ပြီး ၎င်းတို့အားလုံးသည် တရားမဝင် နယ်စပ်ဖြတ်ကျော် ၍ ကိုးကန့်ဒေသသို့ ဝင်ရောက်လာခြင်းဖြစ် ကြောင်း သတင်းရရှိပါ သည်။

#PAN