Air Thanlwin လေကြောင်းလိုင်းမှ နေပြည် တော် – ရန်ကုန်ခရီးစဉ်နှင့် နေပြည်တော်-လားရှိုးခရီးစဉ်စတင်ပျံသန်း

အောက်တိုဘာ ၆

   Air Thanlwin လေကြောင်းလိုင်းမှ ခရီးစဥ်အသစ်ဖြစ်သည့် နေပြည်တော် – လားရှိုး ခရီးစဉ်နှင့် နေပြည်တော်- ရန်ကုန် လေကြောင်း ခရီးစဥ်သစ်ကို အောက်တိုဘာလ ၂ ရက်မှ စတင်ကာ တိုးချဲ့ပျံသန်းပြေးဆွဲပေး‌နေပြီဖြစ်ကြောင်း သိရပါငည်။

       ယခုလို တိုးချဲ့ပြေးဆွဲရာတွင် အပတ်စဥ် တနင်္လာနေ့ ညနေတိုင်း လားရှိုး-နေပြည်တော်ခရီးစဉ်နှင့် နေပြည်တော်-ရန်ကုန်ခရီးစဉ်ကို ST 730 လေယာဥ်နှင့် ပျံသန်းပြေးဆွဲမှာဖြစ်ပြီး ညနေ ၄ နာရီခွဲအချိန် လားရှိုးလေဆိပ်မှ စတင်ထွက်ခွာ ကာ နေပြည်တော်လေဆိပ်သို့ ညနေ ၅ နာရီ ၃၅ မိနစ်အချိန် ဆိုက်ရောက်မည်ဟု သိရပါသည်။

      ၎င်းအပြင် နေပြည်တော် – ရန်ကုန် ခရီးစဉ်ကို ညနေ ၅ နာရီ ၅၀ မိနစ်အချိန် နေပြည်တော်လေဆိပ်မှ စတင်ထွက်ခွာပြီး ရန်ကုန်လေဆိပ်သို့ ည ၆ နာရီ ၄၅ မိနစ်အချိန် ဆိုက်ရောက်မည် ဖြစ်သည်။

        အပတ်စဉ် သောကြာနေ့ နံနက် ၇ နာရီတွင် ST 413 လေယာဉ်နှင့် ရန်ကုန်လေဆိပ်မှ စတင်ထွက်ခွာပြီး နေပြည်တော်လေဆိပ်သို့ နံနက် ၇ နာရီ ၅၅ မိနစ်တွင် ဆိုက်ရောက်မည် ဖြစ်ပါသည်။ ST 414 လေယာဥ်နှင့် နေပြည်တော် လေဆိပ်မှ နံနက် ၈ နာရီ ၁၀ မိနစ်အချိန် စတင်ထွက်ခွာပြီး ရန်ကုန်လေဆိပ်သို့ နံနက် ၉ နာရီ ၅ မိနစ်အချိန် ဆိုက်ရောက်မည် ဖြစ်ကြောင်း သိရပါသည်။

#PAN