၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်းကို ကစားသမား ၃၃ ဦးဖြင့် ဖွဲ့စည်းပြီး အောက်တိုဘာလ ၇ ရက်တွင် စတင်လေ့လာ

အောက်တိုဘာ ၆

      ၂၀၂၆ ကမ္ဘာ့ဖလား ပထမအဆင့် ခြေစစ်ပွဲယှဉ်ပြိုင်ရန် မြန်မာ့လက်ရွှေးစင်အသင်းကို ပမာဏမကစားသမား ၃၃ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်ပြီး အောက်တိုဘာလ ၇ ရက်တွင် စတင်လေ့ ကျင့်မည် ဖြစ်သည်။

      မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားပထမအဆင့်ခြေစစ်ပွဲအဖြစ် မကာအိုအသင်းနှင့် တွေ့ဆုံနေပြီး အောက်တိုဘာလ ၁၂ ရက်တွင် အိမ်ကွင်း၊ အောက်တိုဘာလ ၁၇ ရက်တွင် အဝေးကွင်းကစားရမည် ဖြစ်သည်။

       မြန်မာ့လက်ရွေးစင်အသင်း ပမာဏလူစာရင်းတွင် ပြည်ပကလပ်များ၌ ကစားနေသူများ၊မြန်မာ ယူ-၂၃ အသင်းမှ ကစားသမားအချို့နှင့် ပြည် တွင်း ကလပ်များတွင် ခြေစွမ်းပြနေသူများ ပါဝင်လာသည်။

        မြန်မာလက်ရွေးစင်အသင်းတွင် ပဏာမကစားသမားများအဖြစ် ဂိုးသမာ -ပြည့်ဖြိုးအောင် (ဟံသာဝတီ)၊ ဆန်းဆက်နိုင် (ရန်ကုန်ယူနိုက်တက်)၊ ဇင်ညီညီအောင် (ဒဂုံစတား)၊ ပြည့်ဖြိုးသူ (ရတနာပုံ)၊ နောက်တန်း- ဟိန်းဖြိုးဝင်း (ရတ်ချာဘူရီ-ထိုင်း)၊ စိုးမိုးကျော် (ဖနောင်းပင်ခရောင်း-ကမ္ဘောဒီးယား)၊ ရဲမင်းသူ၊ နန္ဒကျော်၊ ကျော်ဇင်လွင်၊ ဇွဲခန့်မင်း (ရှမ်းယူနိုက်တက်)၊ ဟိန်းဇေယျာလင်း (ရန်ကုန်ယူနိုက်တက်)၊ သက်ဟိန်းစိုး၊ ကောင်းထက်ပိုင် (ရတနာပုံ)၊ သီဟထက်အောင် (ရခိုင်ယူနိုက်တက်)၊ လတ်ဝေဘုန်း (ဧရာဝတီ)၊ အလယ်တန်း- လွင်မိုးအောင် (ရရောင်း-ထိုင်း)၊ မောင်မောင်လွင် (လမ်ဖွန်ဝါရီယာ-ထိုင်း)၊ ထက်ဖြိုးဝေ၊ မြတ်ကောင်းခန့် (ရှမ်းယူနိုက်တက်)၊ ဝေလင်းအောင်၊ ဆွမ်လမန် (ဒဂုံစတား)၊ ရန်နိုင်ဦး၊ ဇော်ဝင်းသိန်း (ရန်ကုန်ယူနိုက်တက်)၊ နေမိုးနိုင်၊ ခွန်ကျော်ဇင်ဟိန်း (ဟံသာဝတီ)၊ ကျော်မင်းဦး (PDRM-မလေးရှား)၊ ဟိန်းထက်အောင် (နီဂျီရီဆမ်ဘာလန်- မလေးရှား)၊ ရှေ့တန်း – ဥက္ကာနိုင် (ရန်ကုန်ယူနိုက်တက်)၊ အောင်မြတ်သူ (ဟံသာဝတီ)၊ အောင်သူ၊ အောင်ကောင်း မာန် (အူထိုင်းထာနီ – ထိုင်း)၊ သန်းပိုင်(ချင်းမိုင်ယူနိုက်တက်- ထိုင်း) နှင့် ဝင်းနိုင်ထွန်း (ဘော်နီယို- အင်ဒိုနီးရှား) တို့ ပါဝင်ကြသည်။

#PAN