အကြမ်းဖက်သောင်းကျန်းသူ KKO(ခွဲထွက်)နှင့် PDF ပူးပေါင်းအဖွဲ့များက လုံခြုံရေးအဖွဲ့ကို Drop Bomb တစ်လုံး ပစ်ချတိုက်ခိုက်ရာမှ လမ်းသွားပြည်သူ တစ်ဦး ဗုံးစထိမှန် ဒဏ်ရာရ

အောက်တိုဘာ ၆

      ယနေ့ ညနေ ၄ နာရီအချိန်ခန့်တွင် အကြမ်း ဖက်သောင်းကျန်းသူ KKO(ခွဲထွက်)နှင့် PDF ပူးပေါင်းအဖွဲ့များသည် ကော့ကရိတ်မြို့၊ အမှတ် (၂)ရပ်ကွက်၊ ဓမ္မရာမဘုန်းကြီးကျောင်းကုန်းတွင်လုံခြုံရေးယူထားသည့် လုံခြုံရေးအဖွဲ့ကို Drone ဖြင့် Drop Bomb တစ်လုံး ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်ါ

       အဆိုပါ Drop Bomb သည် ဓမ္မရာမဘုန်းကြီး ကျောင်းအနီး အမှတ်(၂)ရက်ကွက်မှ ၀င်းကြီးကွက်သစ်သို့ သွားသည့်လမ်းတွင်ကျရောက် ပေါက်ကွဲပြီး လမ်းသွားပြည်သူ ကိုလတ် ဆိုသူကိုအစထိမှန်ခဲ့ပြီး ၎င်းကို ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံမှတစ်ဆင့်  ဘားအံဆေးရုံသို့ လွှဲပြောင်းကုသနိုင်ရေးဆောင်ရွက်လျှက်ရှိကြောင်း သိရပါ သည်။

       အလားတူ  ညနေ ၄ နာရီ ၃၉ မိနစ်အချိန်ခန့်တွင် ဒုတိယအကြိမ် ထပ်မံ၍ Drop Bomb တစ်လုံးကျရောက်ခဲ့ရာ ၎င်းဗုံးမှာ ပထမ အကြိမ်ကျရောက်သောနေရာနှင့် ကိုက် ၂၀ ခန့်အကွာလောက်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး လူ၊ ပစ္စည်းထိခိုက်မူမရှိကြောင်း သတင်းရရှိပါသည်။

#PAN