ရန်ကုန်မှာ ငလျင် ခပ်စိပ်စိပ်လှုပ်လာပြီးနောက် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ၁၈၀ ကျော်အသင့်ပြင်ထား

အောက်တိုဘာ ၆

      ရန်ကုန်တိုင်းဒေသကြီးတွင် ငလျင် ခပ်စိပ်စပ်လှုပ်လာပြီးနောက် ငလျင်နှင့် ရေကြီးရေလျှံ အရေးပေါ် အခြေအနေများတွင် ကူညီကယ်ဆယ်နိုင်ရန် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ပေါင်း ၁၈၀ ကျော် အသင့်ကြိုတင် ပြင်ဆင်ထားသည်ဟု ရန်ကုန်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ချုပ် YRO မှ သိရပါသည်။

       ငလျင်နဲ့ပတ်သက်ပြီး ၃ နှစ်ဆက်တိုက် လေ့ ကျင့်ထားပြီး ကျောင်းများ၊ တိုက်ခန်းများတွင် ကူညီကယ်ဆယ်နည်း စသည့်နည်းလမ်းများကိုလည်း ဆက်တိုက်ကြိုတင်ပြင်ဆင်ထားခဲ့သည်ဟု ဆိုပါ သည်။

       ငလျင်လှုပ်ခတ်ခြင်း၊ မိုးကြီးရေလျှံခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက မြို့နယ် အသီးသီးရှိ လူမှုကူညီရေးအဖွဲ့များ၊ မီး သတ်တပ်ဖွဲ့တွေကို ဆက်သွယ်အကူအညီတောင်း ခံနိုင်ပြီး ရန်ကုန် လူမှုကူညီကယ်ဆယ်ရေး အဖွဲ့ချုပ်အနေနှင့်လည်း ကျန်းမာရေး ကုသမှုပေးနိုင်ရန် ဆရာဝန်အသင်းတွေနှင့် ချိတ်ဆက်ထားပြီးဖြစ်သဖြင့် အရေးပေါ်ကုသမှုများ ဆောင်ရွက်ပေးနိုင်မည်ဟု သိရပါသည်။

#PAN