ဘင်ချီဝဲလ် ဒီဇင်ဘာလအထိ နားယူရဖွယ်ရှိနေ

အောက်တိုဘာ ၆
ချယ်လ်ဆီးနောက်ခံကစားသမား ဘင်ချီဝဲလ်(၂၆ နှစ်)ဟာ တံကောက်ကြောဒဏ်ရာကြောင့် ဒီဇင်ဘာလအထိ အနားယူရဖွယ်ရှိကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့လ စက်တင်ဘာ (၂၇) ရက်က ဘရိုက်တန်အသင်းကို (၁-၀)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် တံကောက်ကြောဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပါတယ်။
ဘင်ချီဝဲလ်ဟာ ၂၀၂၀ နွေရာသီတွင် လက်စတာအသင်းမှ ချယ်လ်ဆီးအသင်းထံသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကစားသမားများဖြစ်တဲ့ ဘာဒီယာရှီလီ၊ ချာလိုဘတ်ခ်ျ၊ ဝက်စ်လေဖိုဖာနာနဲ့ အသင်း ကပ္ပတိန် ရီဆီဂျိမ်းစ်တို့မှာလည် အသီးသီးဒဏ်ရာပြဿနာများနဲ့ ရင်ဆိုင်နေရပါတယ်။