ကမ္ဘာ့ချန်ပီယံဆုရရှိခဲ့တဲ့ ဂျပန်အမျိုးသားကျွမ်း ဘားအသင်း

အောက်တိုဘာ ၆

     ဘယ်လ်ဂျီယံနိုင်ငံ အန့်ဝပ်မြို့မှာ ကျင်းပနေတဲ့ ကျွမ်းဘားကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဂျပန်အမျိုးသား ကျွမ်းဘားအသင်းက ရွှေတံဆိပ်ဆု ရရှိခဲ့ပါတယ်။ ဒါဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်း နိုင်ငံတကာကျွမ်းဘားပြိုင်ပွဲတွေမှာ ဂျပန်အသင်းရရှိတဲ့ ပထမဆုံး ရွှေတံဆိပ်ဆု  ဖြစ်ပါတယ်။

      ကမ္ဘာ့ချန်ပီယံနဲ့ အိုလံပစ်ချန်ပီယံ ဟာရှိမိုတို ဦးဆောင်တဲ့ အသင်းသား ၅ ဦးပါ ဂျပန်အမျိုး သားကျွမ်းဘား အသင်းဟာ စုစုပေါင်း ရမှတ် ၂၅၅ ဒသမ ၅၉၄ မှတ်ရရှိခဲ့ပြီး အနီးစပ်ဆုံးပြိုင်ဘက်ဖြစ်တဲ့ တရုတ်အသင်းထက် ၂ မှတ် နီးပါးအသာရပြီး ရွှေတံဆိပ်ဆုရခဲ့တာပါ။

        တရုတ်အသင်းဘက်မှာ ၂၀၁၇ ခုနှစ် ကမ္ဘာ့ချန်ပီ ယံဟောင်းဖြစ်တဲ့ ကျန်းဘိုဟန်က အာရှအားကစားပြိုင်ပွဲ ရှိတာကြောင့် အခုပြိုင်ပွဲမှာ မပါဝင်ခဲ့လို့ အား နည်းခဲ့ရပြီး ဒုတိယဆုနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ တတိယဆုကိုတော့ ရမှတ်ပေါင်း ၂၅၂ ဒသမ ၄၂၈ မှတ်နဲ့ အမေရိကန်အသင်းက ရရှိသွားခဲ့ပါတယ်။

       အမေရိကန်အသင်းအတွက်လည်း ၂၀၁၄ ခုနှစ်အိုလံပစ်ပြိုင်ပွဲနဲ့ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲနောက်ပိုင်း ပထမဆုံး ရရှိခဲ့တာဟာ ကြေးတံဆိပ်ဆု ဖြစ်ခဲ့ပါတယ်။ နာမည်ကျော်ကျွမ်းဘားမယ် ဆိုင်မွန်ဘိုင်း ဦးဆောင်နေတဲ့ အမေရိကန် အမျိုး သမီးအသင်းကတော့ အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိဖို့ကို အခြေအနေကောင်းနေပါတယ်။

#PAN