အောက်တိုဘာ ၆
ဂျပန်နိုင်ငံသည် ကြီးမားသည့်ပျက်စီးမှုများ ရှိနေသော ဖူကူရှီးမားဒိုင်အိချိ နျူကလီးယား ဓာတ်အားပေးစက်ရုံမှ နျူကလီးယားညစ်ညမ်းရေများကို အောက်တိုဘာလ ၅ ရက်နေ့က ပစိဖိတ် သမုဒ္ဒရာအတွင်းသို့ ဒုတိယအကြိမ် စတင်စွန့်ထုတ်ခဲ့ကြောင်း သိရသည်။
ဒေသခံငါးဖမ်းသမားများနှင့် အခြားနိုင်ငံများက စိုးရိမ်ပူပန်မှုများနှင့် ကန့်ကွက်မှုများ ရှိနေ ခဲ့သော် လည်း ရေဆိုးများစွန့်ထုတ်မှုကို ဒေသစံ တော်ချိန် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က စတင် ခဲ့ကြောင်း ယင်းစက်ရုံ Tokyo Electric Power Company (TEPCO) ပြောကြားချက်အရ သိရသည်။
TEPCO ကုမ္ပဏီအနေဖြင့် ရေဒီယိုသတ္တိကြွပစ္စည်းများပါဝင်သော စွန့်ပစ်ရေ တန်ချိန် ၇,၈၀၀ ကို ၁၇ ရက်အတွင်း စွန့်ထုတ်ရန် စီစဉ်ထားကြောင်း၊ ပထမအကြိမ်စွန့်ထုတ်မှုမှာလည်း အလားတူ ပမာဏခန့် ရှိခဲ့ပြီး စက်တင်ဘာလ ၁၁ ရက်၌ ပြီးဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ကုမ္ပဏီက ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။
#PAN