၂၀၃၀ ကမ္ဘာ့ဖလားကို တိုက်ကြီး ၃ ခုရှိ နိုင်ငံ ၆ နိုင်ငံ၌ ကျင်းပမည်

အောက်တိုဘာ ၅
လာမယ့် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ဥရောပက စပိန် ပေါ်တူဂီ နဲ့ အာဖရိကက မော်ရိုကိုတိုအပြင် အာဂျင်တီးနား ဥရုဂွေး ပါရာဂွေးတို တောင်အမေရိက (၃)နိုင်ငံ အပါအဝင် စုစုပေါင်း(၆)နိုင်ငံတိုက ပူးတွဲအိမ်ရှင်အဖြစ် စုပေါင်းပြီး ကျင်းပသွားမှာဖြစ်ကြောင်း FIFA ကနေ ထုတ်ပြန်လာခဲ့ပါတယ်။
၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ်တွေကိုတော့ အာဂျင်တီးနား ဥရုဂွေး နဲ့ ပါရာဂွေးတိုတွင် ကျင်းပသွားမှာဖြစ်ပြီး ကျန်တဲ့ ပွဲစဉ်တွေကိုတော့ စပိန် ပေါ်တူဂီ နဲ့ မော်ရိုကိုတိုတွင် ဆက်လက် ကျင်းပမှာ ဖြစ်ပါတယ်။
လာမယ့် ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကိုတော့ ဆော်ဒီအာရေဗျနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့် ရရှိသွားပါတယ်။