ရုရှားနိုင်ငံအတွင်း တရုတ်နိုင်ငံထုတ်ကားများ ရောင်းချရမှု ပမာဏ မြင့်တက်လာ

အောက်တိုဘာ ၅

      ရုရှားနိုင်ငံအတွင်း တရုတ်နိုင်ငံထုတ် ကားများရောင်းချရမှု ပမာဏသည် စက်တင်ဘာလတွင် ၁၄၈ ဒသမ ၆ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်းသိရသည်။ ရုရှားနိုင်ငံအတွင်း မော်တော် ကား ရောင်းချမှုသည် ၂၀၂၂ ခုနှစ်တွင် ၅၉ ရာ ခိုင်နှုန်းကျဆင်းသွားရာမှ ယခုကဲ့သို့ မြင့်တက်လာခြင်း ဖြစ်ကြောင်း သုတေ သနကုမ္ပဏီတစ်ခုဖြစ်သည့် Autostat က အောက်တိုဘာလ ၄ ရက်တွင် ဖော်ပြ ထားသည်။

       ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ရုရှားနိုင်ငံ ၌ မော်တော်ကား ရောင်းချမှုသည် အစီးရေ ၄၄,၃၉၈ စီးသာ ရှိခဲ့ရာမှ ယခုနှစ် စက်တင်ဘာလတွင် အစီးရေ ၁၁၀,၃၅၈ စီးအထိ မြင့်တက်လာ ခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အနောက် အုပ်စု၏ ပိတ်ဆို့မှုများကြောင့် မော်တော်ကား ကုမ္ပဏီဖြစ်သော Avtovaz က မော်တော်ကားဈေးကွက်၌ ထိပ်ဆုံးက နေရာယူထားဆဲ ဖြစ် သည်။

      ၂၀၂၃ ခုနှစ်အတွင်း ၎င်းတို့၏ မော်တော်ကားရောင်းချမှုသည် အစီးရေ တစ်သန်းအထိ ရောက်ရှိမည် ဟု Avtovaz ကုမ္ပဏီ ခန့်မှန်းထားကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။

#PAN