မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ နေအိမ်တစ်ခု တွင် ဇနီးမောင်နှံ နှစ်ဦး စိစစ်ဆဲ အကြမ်းဖက် သမားများ၏ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရ

အောက်တိုဘာ ၅

       ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ် ကွက်၊ ပန်းခြံ(၃)လမ်းရှိ City Home စား သောက်ဆိုင်နောက်ကျော လမ်းထောင့်ရှိ နေအိမ်တိုက်ခန်းအတွင်း သန်းထိုက်အောင်၊ ၃၄ နှစ်၊ (ဘ)ဦးအောင်မြင့်၊ ဗမာ/ဗုဒ္ဓ၊ အရောင်း အဝယ်၊ ပန်းခြံ(၃)လမ်း၊ အမှတ်(၄) ရပ်ကွက်၊ မြဝတီမြို့နေသူနှင့် ၎င်းဇနီးဖြစ်သူ မနှင်းနှင်းဝေ၊ ၂၁ နှစ်၊ (ဘ)ဦးသိန်းတန်၊ ဗမာ/ ဗုဒ္ဓ၊ ကျပန်း၊ (လိပ်စာတူ)တို့အား စိစစ်ဆဲ အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။

        ဖြစ်စဥ်မှာ အခင်းဖြစ်နေအိမ်ဘေးကပ်လျက်တွင် နေထိုင်သည့် သေဆုံးသူ မနှင်းနှင်းဝေ၏ ဖခင်ဖြစ်သူ ဦးသိန်းတန်၊ ၅၅ နှစ်၊ (ဘ)ဦးအုန်းရွှေ၊ မတပ(ရှိ/မမှတ်မိ)၊ ဗမာ/ဗုဒ္ဓ၊ ကုန်တင်ကုန်ကျ၊ ပန်းခြံ(၃) လမ်း၊ အမှတ်(၄)ရပ်ကွက်၊ မြဝတီမြို့နေသူသည် ယနေ့ နံနက် ၇ နာရီအချိန်ခန့်၌ အိပ်ယာနိုးစဉ် သမီးဖြစ်သူ၏ နေအိမ်တံခါးများ ပွင့်နေသည်ကို တွေ့ရှိရသဖြင့် ဝင်ရောက်ကြည့်ရှုရာ နေအိမ်အတွင်း၌ သမီးဖြစ်သူ မနှင်းနှင်းဝေ နှင့် ၎င်း၏ခင်ပွန်း သန်းထိုက်အောင် တို့ ၂ ဦးမှာ သေနတ်ဒဏ်ရာများဖြင့် သွေးအိုင်ထဲတွင် လဲကျသေဆုံးနေသည်ကို တွေ့ခဲ့ရကြောင်း၊ ယမန်နေ့ ည ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့် က မနှင်းနှင်းဝေ ၏နေအိမ်ဘက်မှ ဗြောက်အိုးဖောက်သံဟု ထင်ရသည့် အသံ ၂ ချက်ကြားရကြောင်းနှင့် ကျန်းမာ ရေးမကောင်းသဖြင့် အိပ်ယာထဲတွင်သာ နေခဲ့ကြောင်း သိရပါသည်။

     နယ်မြေရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက သွားရောက်စစ်ဆေးရာ သန်းထိုက်အောင် တွင် ပက်လက်အနေအထား ဖြင့် လည်ဂုတ်တွင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊မနှင်းနှင်းဝေ တွင် ဦးခေါင်း ထိပ်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း၊ မည်သည့်အကြောင်းကြောင့် သတ် ဖြတ်ခြင်းဖြစ်သည်ကို မသိရသေးကြောင်း သတင်းရရှိပါသည်။

#PAN