မတ္တရာမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း တစ်ဦးကို သတ်ဖြတ်ရန် လာရှာသော အညကမ်းဖက်သမား PDF များက ၎င်း၏ ညီနှင့် မယားညီကိုဖြစ်သူ ၂ ဦး ဖမ်းဆီးသတ်ဖြတ်

အောက်တိုဘာ ၅

      မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊တောင်ကန်ကျေးရွာအုပ်စု၊ပြည်သာယာကျေးရွာ အဝင်လမ်းအနောက်ဘက်တွင် သာမန်​​ပြည်သူ ဦးဝင်းမြင့်ထွန်း၊ ၃၀ နှစ်၊ထန်းပင်ကုန်းကျေးရွာ၊မတ္တရာမြို့နယ်နေသူ နှင့် ဦးမြတ်၊ ၄၁ နှစ်၊ နေရပ်တူသူ တို့ကို အကြမ်းဖက် PDF များက အောက်တို ဘာ လ ၃ ရက်နေ့က သေနတ်ဖြင့် ပစ်ခတ်သတ် ဖြတ်ခဲ့ကြောင်း သိရသည်။

      အကြမ်းဖက်သမား PDF ၁၅ ဦးခန့်သည် ဆိုင်ကယ် ၁၀ စီးခန့်ဖြင့် မတ္တရာမြို့နယ်၊ထန်းပင်ကုန်းကျေးရွာအတွင်းသို့ဝင်ရောက်လာပြီး ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးဇော်ထွန်းဝင်းအား ရှာ ဖွေခဲ့ရာ ဦးဇော်ထွန်းဝင်းမှာတိမ်းရှောင်နေသဖြင့် လွတ်မြောက်သွားကာ ဦးဇော်ထွန်းဝင်းအား မတွေ့သဖြင့် ဦးဇော်ထွန်းဝင်း၏ညီ ကိုဝင်းမြင့်ထွန်း၊ ၃၀ နှစ်နှင့် မယားညီအစ်ကိုတော်စပ်သူ ဦးမြတ်ကို၊၄၁ နှစ်တို့ကို အောက်တိုဘာလ ၃ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်အချိန်ခန့်က လက်ပြန်ကြိုးတုပ်လျှက် ရွာ၏အရှေ့ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

      ယနေ့ နံနက် ၁၀ နာရီ အချိန်ခန့်တွင်  အမည်မသိ အမျိုးသား ၂ဦး ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများက အခင်းဖြစ်နေရာသို့ သွား ရောက်စစ်ဆေးခဲ့ရာ ကိုဝင်းမြင့်ထွန်း တွင် လက် ပြန်ကြိုးတုပ်လျက် လည်ပင်းပြတ်ရှဒဏ်ရာ ၁ ချက်၊ယာ-ပါး ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ယာ-ရင်အုံ ထိုးသွင်းဒဏ်ရာ ၁ ချက်၊ယာ-ဒူး ခေါင်း ထိုးသွင်းဒဏ်ရာ ၁ ချက်တို့ဖြင့် လည်းကောင်း၊ ဦးမြတ် တွင် လက်ပြန်ကြိုးတုပ်လျက် ဦးခေါင်းကြေမွဒဏ်ရာ၊ယာ-နားအောက် ထိုးသွင်းဒဏ်ရာ ၁ ချက်၊လည် ပင်း ဝဲဘက်အောက် ထိုးသွင်းဒဏ် ရာ ၁ ချက်တို့ဖြင့် သေဆုံးနေကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

      NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် လက်ရှိ နစက အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားပြီး တိုင်းပြည်ဖရိုဖရဲဖြစ်စေရန် ရည်ရွယ်ပြီး အရပ်သားပြည်သူ အုပ်ချုပ်ရေးမှူးများနှင့် ၎င်းတို့ မိသားစုဝင်များကို ယခုလို ပစ်မှတ်ထား သတ်ဖြတ်နေခြင်းဖြစ်ကြောင်း သိရပါသည်။

#PAN