အောက်တိုဘာ ၅
နော်ဝေနိုင်ငံက ၂၀၂၄ ခုနှစ်တွင် ကာကွယ် ရေးအသုံးစရိတ်ကို ယခုနှစ်အသုံးစရိတ်ထက် ၂၀ ရာခိုင် နှုန်းတိုးမြှင့်သွားမည်ဖြစ်ကြောင်း နော်ဝေ ဘဏ္ဍာရေးဝန်ကြီးက အောက်တိုဘာလ ၄ ရက်တွင် ပြောသည်။
အစိုးရအနေဖြင့် လာမည့်နှစ် ကာကွယ်ရေး အသုံး စရိတ်ကို ခရိုနာ ၉၀ ဒသမ ၈ သန်း ခွဲဝေသတ်မှတ်ပေးထားကြောင်း၊ ထိုပမာဏသည် ယခုနှစ်သုံးစွဲမှုထက် ၂၀ ရာခိုင်နှုန်း ပိုများကြောင်း ဘဏ္ဍာရေးဝန်ကြီးက ပြောသည်။
ယခုတိုးမြှင့်လိုက်သည့် ကာကွယ်ရေးအသုံး စရိတ်ကို အဓိကအားဖြင့် NATO တပ်ဖွဲ့နှင့် နိုင်ငံတော်ကာ ကွယ်ရေး စွမ်းရည်များ တိုးမြှင့်ရာတို့တွင် အသုံးပြုမည်ဖြစ်သည်။ လာမည့်နှစ်တွင် နိုင်ငံ၏ အသားတင်ကုန်ထုတ်လုပ်မှု တန်ဖိုးက ၁ ဒသမ ၈ ရာခိုင်နှုန်းတိုးမြှင့်လာမည်ဟု ခန့်မှန်းထား ပြီး NATO တပ်ဖွဲ့အတွက် အသားတင်ကုန်ထုတ်လုပ်မှု တန်ဖိုး၏ ၂ ရာခိုင်နှုန်းကို ထည့်ဝင်သွားမည် ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးက ပြောခဲ့ကြောင်း Sputnik သတင်းဌာနတွင် ဖော်ပြထားသည်။
#PAN