အင်းတော်မြို့နယ်၊ ပင့်တင်ကျေးရွာ ကျောင်းထိုင် ဆရာတော်ကို KIA/PDF ဖမ်းဆီးသတ်ဖြတ်

အောက်တိုဘာ ၄

       စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မန္တလေး-မြစ်ကြီးနား ကားလမ်းအနီးရှိ ပင့်တင့်ကျေးရွာ ကျောင်း ထိုင်ဆရာတော်ကို KIA/PDF အဖွဲ့ဝင်များမှ ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း သိရသည်။
        ပင့်တင့်ကျေးရွာ ကျောင်းထိုင်ဆရာတော် ဦးဉာဏ်ဏိတကို ၎င်းကျေးရွာအနီးတွင် အခြေချနေသည့် အကြမ်းဖက်သောင်းကျန်းသူ KIA နှင့် PDF ပူးပေါင်းအဖွဲ့ဝင်များက စက်တင်ဘာလ ၂၇ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အသတ်ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

        စက်တင်ဘာလ ၂၉ ရက်တွင် ဆရာတော် ဦးဉာဏ်ဏိတ အသတ်ခံရပြီးနောက် ဆရာတော်အလောင်းအား သွားရောက်ကောက်ယူရန် အကြမ်းဖက်သောင်းကျန်းသူ KIA နှင့် PDF ပူးပေါင်းအဖွဲ့ဝင်များက ပြောခဲ့သည့်အတွက်ကြောင့် သွားရောက် ကောက်ယူခဲ့ပြီး အဆိုပါ နေရာအနီးတွင် မီးသင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

       ပျံလွန်တော်မူခဲ့သည့် ပင့်တင်ဆရာတော် ဦးဉာဏ်ဏိတသည် သက်တော် ၅၃ နှစ်၊ ဝါတော် ၃၂ ဝါ ရှိပြီဖြစ်ကာ ငယ်ဖြူတစ်ပါးဖြစ်ကြောင်း၊ လွန်ခဲ့သည့် လအနည်းငယ်က အကြမ်းဖက်သောင်းကျန်းသူ KIA နှင့် PDF ပူးပေါင်းအဖွဲ့ဝင်များက သတိပေးစာပစ်ခံရပြီးနောက် ဆရာတော်က ရှောင်တိမ်းခဲ့ဖူးကြောင်း၊ စာအပစ်ခံရပြီးနောက်ပိုင်း ပင့်တင်ကျေးရွာမှ ရှောင်ထွက်သွားခဲ့ပြီး ဝါတွင်းကာလတွင် ကျေးရွာရှိ ဒါယိကာ၊ ဒါယိကာမများက အာမခံကြောင်း ပြန်လည် ပင့်လျှောက်မှုကြောင့် ဝါဆိုရန် ပင့်တင့်ကျေးရွာကျောင်းသို့ ပြန်လည်ကြွလာခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

#PAN