ရုရှားနိုင်ငံသို့ ကားတင်ပို့မှုတားမြစ်ခြင်းက အမေရိကန်ဒေါ်လာ ၂ ဘီလီယံအထိ နစ်နာစေခဲ့ကြောင်း ဂျပန်က ထုတ်ဖေါ်ပြော

အောက်တိုဘာ ၄

      ဂျပန်နိုင်ငံအနေဖြင့် ၎င်းနိုင်ငံအတွင်း အသုံး ပြုပြီးသောကားများကို ရုရှားနိုင်ငံသို့ တင်ပို့မှု တားမြစ်လိုက်သည့်အတွက် အမေရိကန်ဒေါ်လာ ၂ ဘီလီယံအထိဆုံးရှုံးနစ်နာရကြောင်းသတင်းဌာန တစ်ခုက ဖော်ပြထားသည်။ ယခုကဲ့သို့ ကားတင်ပို့မှုတားမြစ်ခြင်းသည် ဩဂုတ်လအစောပိုင်းတွင် စတင်အသက်ဝင်လာခြင်းဖြစ်သည်။

        ယင်းလုပ်ဆောင်ချက်သည် အကျိုးအမြတ်များလွန်း‌သော ဈေးကွက်တစ်ခုပျက်စီးသွား သကဲ့သို့ပင် ဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။ ဂျပန်နိုင်ငံသည် မူလက ၎င်းနိုင်ငံထုတ် ဇိမ်ခံကားများ ရုရှားနိုင်ငံသို့ တင်ပို့မှုကိုသာ တားမြစ်ခဲ့ခြင်းဖြစ်ပြီး ယခုမှသာ တစ်ပတ်ရစ်ကားများ တင်ပို့မှုကိုပါ တားမြစ်ခြင်းဖြစ်သည်။

        ဂျပန်နိုင်ငံအနေဖြင့် တစ်ပတ်ရစ်မော်တော် ကားများ တင်ပို့ရာတွင် နာမည်ကျော်ကြားပြီး အကျိုး အမြတ်များစွာရရှိနေသည့် နိုင်ငံဖြစ်သည်။

        ဂျပန်နိုင်ငံအတွင်း ယာဉ်ဟောင်းစစ်ဆေးမှု လုပ် ငန်းများသည် အလွန်အမင်းတင်းကျပ်သော ကြောင့် ပြုပြင်ထိန်းသိမ်းမှုအတွက် ကုန်ကျစရိတ်များပြားစေပြီး ယင်းသို့ ပြုပြင်ထိန်းသိမ်းခြင်း ထက် ကားအသစ်တစ်စီးဝယ်စီးခြင်းက ကုန်ကျ စရိတ်ကို ပိုမိုသက်သာကြောင်း RT သတင်းဌာန ၏ ဖော်ပြချက်အရ သိရသည်။

#PAN