မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို ဓာတ်ငွေ့တင်ပို့မှု ယခုနှစ် ၈ လကြာအချိန်အတွင်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံနီးပါးရရှိထား

အောက်တိုဘာ ၄

      လက်ရှိ ၂၀၂၃ ခုနှစ် ၈ လတာကာလအတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံအတွင်းသို့ ဓာတ်ငွေ့တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံနီးပါးရရှိထားကြောင်း တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC)၏ အချက် အလက်များအရ သိရပါသည်။

      ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ၈ လအတွင်း မြန်မာနိုင်ငံမှ အမေရိကန်ဒေါ်လာ ၉၉၃ ဒသမ ၉၄ သန်း တန်ဖိုးရှိသည့် သဘာဝဓာတ်ငွေ့တွေ တရုတ်သို့ ဓာတ်ငွေ့ပိုက်လိုင်းမှ တင်သွင်းခဲ့သည်ဟု ဆိုပါသည်။ အဆိုပါ ၈ လတာ ကာလအတွင်း တရုတ်နိုင်ငံသို့ ပိုက်လိုင်းကတစ်ဆင့် ဓာတ်ငွေ့တင်ပို့မှုအများဆုံးပြုလုပ်နေသည့် နိုင်ငံများထဲတွင် မြန်မာနိုင်ငံက တတိယအများဆုံး တင်ပို့ခြင်းဖြစ်သည်ဟု သိရပါ သည်။

        ၎င်းအပြင် ပြီးခဲ့သည့် ကာလတူနှင့် နှိုင်း ယှဉ်မည်ဆိုပါက ၁၆ ရာခိုင်နှုန်းကျော် ဓာတ်ငွေ့တင်ပို့မှုပမာဏ မြင့်တက်လာကြောင်း GACC ၏ ထုတ်ပြန်ချက်စာရင်းများအရ သိရပါသည်။

       တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ် ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC)၏ အချက် အလက်များအရ ၁၀ နှစ်အတွင်း မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ ၅၂ ဘီလီယံ ကုဗမီတာ ပို့လွှတ်ခဲ့သည်ဟု ဆိုပါသည်။

       မြန်မာနိုင်ငံက ဓာတ်ငွေ့များကို ရခိုင်ပြည် နယ်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ ရှမ်း ပြည်နယ်တို့ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အထိ သွယ်တန်းထားသည့် တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ ပို့လွှတ်ရောင်းချခဲ့ခြင်း ဖြစ်ပါသည်။

#PAN