အောက်တိုဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊သစ်ရုံကျေးရွာနှင့် တူရွင်းဘို့ကျေးရွာအကြား နဘဲဂွလမ်းခွဲနေရာတွင် ကျောက်ကန်ကျေးရွာနေ ပြည် သူ့စစ် (ဌာနေ)အဖွဲ့ဝင် ဦးအောင်မျိုးထွန်း၊၂၉နှစ်၊(ဘ)ဦးနိူင်စိုးနှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင် ၃ဦး စီးနင်းလိုက်ပါလာသည့် မော်တော်ယာဥ်ကို ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်က အကြမ်း ဖက် PDF အဖွဲ့(အင်အားစီစစ်ဆဲ)က လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ဖြစ်စဥ်မှာ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင် ဦးအောင်မျိုးထွန်းနှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင် ၃ ဦးသည် မော်တော်ယာဥ်ဖြင့် မြင်းခြံမြို့ပေါ်မှ စျေးဝယ်ပြီးပြန် လာစဥ် အဆိုပါ ဖြစ်စဥ်နေရာအရောက်တွင် အကြမ်း ဖက်သမား PDF များက လက်နက်ငယ်များဖြင့် ကြိုတင်စောင့်ဆိုင်း ပစ်ခတ်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ယာဥ်ပေါ်ပါလာသည့် ပြည်သူ့စစ်အဖွဲ့ဝင်များကလည်း ပါရှိလာသည့် လက်နက်ငယ်များဖြင့် ပြန်လည် ပစ် ခတ်ခဲ့သဖြင့် အကြမ်းဖက် PDF များ ဆုတ်ခွာ ထွက် ပြေးသွားခဲ့ကြောင်း သိရပါသည်။
ထိုသို့ အကြမ်းဖက် PDF များ၏ ပစ်ခတ်တိုက် ခိုက်မှုကြောင့် မော်တော်ယာဥ်မောင်းနှင်လာသူ ဦးအောင်မျိုးထွန်း တွင် ဝဲ-ဘက် လက်မောင်းမှကျည်ဖောက်ဝင်ပြီး နောက်ကျော အထက်ပိုင်း ကျည်ဖောက်ထွက် ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ) ရရှိခဲ့ပြီး မြင်းခြံခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသခံယူလျှက်ရှိကြောင်း သတင်းရရှိပါ သည်။
#PAN